အပိုင်း (၉)

2.4K 143 10
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၉)

" သတိရလာပြီလား ''

စူးဝင်လာသောနေရောင်နဲ့အတူ သာယာသောအသံတစ်ခုက လရိပ်မာန်ရဲ့မနက်ခင်းကိုလှုပ်နှိုးလိုက်သည်။ မနေ့ကသူပြေးထွက်လာခဲ့ပြီးအခုဘယ်ရောက်လာတာလဲ။ ဘေးကိုကြည့်လိုက်တော့ ပုံရိပ်လေးတစ်ခုကား ဆန်ပြုတ်ခွက်လေးကိုင်ကာမိမိဆီလာနေသည်။ ရီဝေဝေမျက်လုံးတွေကို မှုန်ဝါးဝါးမဖြစ်စေရန် ပွတ်သပ်ကာကြည့်လိုက်တော့ လရိပ်မာန်အံ့သြသွားရသည်။ ဒါဟာသူ့ရဲ့ကကြိုးမလား...

" ကျွန်တော်က ကကြိုးမဟုတ်ဘူး ''

မိမိ ဘာမှမမေးခင်ပင် ထိုကောင်လေးက ဘေးမှာဝင်ထိုင်ပြီးဖြေရှင်းချက်တွေပေးနေသည်။ သူ့စိတ်ထဲကနေကကြိုးဟုထင်နေသည်ကို ကြိုသိနေ၍လားပင်.....

" ကျွန်တော်က ကကြိုးမဟုတ်ပါဘူး ခင်ဗျားက ညတုန်းက ကျွန်တော့်ကိုကကြိုးနဲ့မှားပြီးယောင်နေလို့ပါ အဲ့ဒါကြောင့်ကြိုပြောထားတာပါ ''

" ညတုန်းက ဒုက္ခပေးမိသွားရင်တောင်းပန်ပါတယ် ''

" ရပါတယ်ဗျ ဆန်ပြုတ်သောက်လိုက်ပါအုံး ''

" ဟိုလေ.. ကျွန်တော့်လက်က ''

လက်ကိုပင့်ပြနေတဲ့လူကြည့်ရတာ ဆန်ပြုတ်ကိုဇွန်းကိုင်ပြီးကချီချခဏခဏမလုပ်နိုင်သည့်ပုံ။ မိမိကိုတိုက်ခိုင်းရမှာလည်းအားနာနေသည့်ဟန်ရှိသည်။

" ကျွန်တော်ပဲတိုက်ပေးပါ့မယ် ''

" ကျေးဇူးပါ ''

" ခင်ဗျားကဘယ်ကလဲ ''

ရောင်ခြည်သစ်တစ်ယောက် ဆန်ပြုတ်ပန်းကန်ကိုအပူလျော့လာစေရန်မွှေရင်းပြောလိုက်သည်။

" ကိုယ့်မှာနေရာအတိကျမရှိဘူး သူရှိတယ်လို့ထင်တဲ့နေရာတိုင်းမှာကိုယ်ရှိတယ် ''

ဆန်ပြုတ်ဇွန်းကိုအားယူကာသောက်လိုက်ရင်းပြောနေတဲ့ထိုလူရဲ့မျက်လုံးကလွမ်းရိပ်တွေသမ်းနေသည်။

" ခင်ဗျားသူ့ကိုသိပ်ချစ်ခဲ့မှာပေါ့နော် ''

" အင်းပြောမပြတတ်အောင်ပဲ ကိုယ့်အသက်ထက်ပိုတယ် ''

လရိပ်ဆင်သည့်ကကြိုး Season2Hikayelerin yaşadığı yer. Şimdi keşfedin