Unicode
🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၁၄)
" ရောင်ခြည် ပြန်တော့မလို့လားကွ ဦးကြီးကဒီမှာညအိပ်မယ်ထင်တာ မိုးချုပ်လုနေပြီလေကွ ''
ခမောက်ကိုအသေချာဆောင်းလျက်ပြန်ဖို့ပြင်ဆင်နေသော ရောင်ခြည်သစ်ကိုဦးသာဒင်ကလှမ်းတားလိုက်သည်။
" ဟုတ်တယ်ဦးကြီးရေ... ကျွန်တော်ပြန်ရမှာမို့ နောက်ညများမှ ဒီမှာအိပ်တော့မယ် အခုတော့အိမ်ကိုအလောတကြီးပြန်ဖို့ရှိလို့ ''
ရောင်ခြည်သစ် ခန္ဓာကိုယ်ကိုတစ်ခြမ်းငဲ့စောင်းလျက်ပြန်ဖြေပြီးနောက် လက်ခါပြကာ မိမိအိမ်ကိုဦးတည်လိုက်တော့သည်။
" ဒီကောင်လေး ဘာလို့များ ပြန်ချင်စောကြီးနေပါလိမ့် သူ့အရီးလေးများပြန်လာမှာမို့ပေးလား ဒါမှမဟုတ် တစ်ခြားတစ်ယောက်များသူ့အိမ်မှာရှိနေလို့ပေလား ''
ဦးသာဒင်တစ်ယောက်ထဲတွေးရင်းပြောရင်း ခေါင်းကိုခါရမ်းလိုက်သည်။
ဒေါ်ငွေမှုံတစ်ယောက် တူမနာရေးရှိသည်နှင့် နယ်ဘက်ဆင်းသွားတာ အလည်ပါလွန်နေသဖြင့် ၁ ပတ်နီးပါးလောက်ကြာခဲ့သည်။ ရောင်ခြည်သစ်တစ်ယောက်အစားသောက်ကိုတော့ ပယင်းကတာဝန်ယူမည်မို့ အစားသောက်ကိုမစိုးရိမ်ပေ။ သို့သော်ငြား တစ်ယောက်ထဲဖြစ်နေသောတူအတွက် အန္တရာယ်ရှိမှာကိုတော့စိုးရိမ်သည်။ မြို့ထဲမှာလည်း အခုတလော သူခိုးတွေသောင်းကျန်းနေတဲ့အကြောင်းပြောတာကြားခဲ့ရသည်။ ဒေါ်ငွေမှုံမှာ ဖျင်တဘက်ကြမ်းကိုလည်းခေါင်းမှာကျနစွာပေါင်းထားလျက်လက်ထဲမှာခရီးဆောင်အိတ်ပွကြီးကိုကိုင်ကာ ခြံဝန်းထဲကိုလှမ်းလာခဲ့တော့သည်။
အိမ်ရှေ့တူရူကိုရောက်ခါမှ ဖြတ်ကနဲ မြင်လိုက်ရသော အရိပ်မဲတစ်ခုကြောင့် ဒေါ်ငွေမှုံမှာ ခြေလှမ်းတွေကိုရပ်တန့်လိုက်သည်။ ခေါင်းပေါင်းသဘက်ကို သေချာမြဲမြံအောင်ထပ်မံပေါင်းလိုက်သည်။
မှောင်ရီတရောညနေပျို့ပျို့ အိပ်တန်းတက်ရန်အော်ဟစ်ပျံသန်းနေသော ကျေးငှက်တစ်စု ၊ အိမ်ထဲမှာဖြတ်သွားနေသော အရိပ်မဲတစ်ခု ။ ဒီအချိန်က စတော်ဘယ်ရီတွေသီးကြပြီမို့ တူတော်မောင်ရောင်ခြည်သစ်က ရွာထဲကိုပြန်လာမည်မဟုတ်
ယာထဲကစတော်ဘယ်ရီခင်းထဲဆောက်ထားသည့် အိမ်ငယ်ထဲမှာပင်အိပ်လိမ့်မည်။ ဒါဆိုအိမ်ထဲရောက်နေသည့် လူသည်မည်သူနည်း ။ ပင်းတယမှာသောင်းကျန်းနေသည်ဆိုသော သူခိုးတစ်စုလား ။

ČTEŠ
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???