အပိုင်း(၃၈)

1.8K 74 16
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၈)

ဘုရားထီးမှဆည်းလည်းသံ တခြွင်ခြွင်ကား ဘုရားရင်ပြင်ပေါ်မှာ လွင့်ပျံနေ၏။ ဘုရားရိပ်အောက်ခိုနားနေသော ခိုငှက်တို့သည်လည်း ပိုင်စေမှူးနဲ့ပယင်းအနားရောက်လာသည်နှင့်ဟိုတစ်စုဒီတစ်စု ခွဲပျံပြေးကြ၏။

" ကိုပိုင်... ရန်ကုန်ကိုဘာလို့ပြန်မလိုက်သွားတာလဲ ''

ဘုရားရင်ပြင်ပေါ်တွင် လမ်းလျှောက်ရင်း တိတ်ဆိတ်နေသော နှစ်ယောက်ကြားအခြေနေကိုပယင်းကပင်စတင်ဖြိုခွဲလိုက်၏။

ပယင်းလည်းသိချင်နေတာကြာပြီဖြစ်၏။ အကုန်လုံးတူတူရန်ကုန်ကိုပြန်ကြဖို့​ပြောနေကြပြီးမှ ပိုင်စေမှူးက ရုတ်တရက်ကြီးပင်းတယမှာသာလျှင် နေခဲ့ချင်သည်ဆိုသောကြောင့်ပယင်းလည်းအံ့သြသွားခဲ့ရသည်။ တကယ်ဆိုသူက သစ်စရဲ့အရိပ်တစ်ခုလို ကိုယ်ရံတော်တစ်ယောက်လိုမလား ။

" ဒီတိုင်းပဲ တစ်ချို့အရာတွေက မရခင်ထဲ ကြိုပြီးစွန့်လွှတ်တတ်ဖို့သင်ထားရတာလေ ''

အလေးနက်ပြောလာသောပိုင်စေမှူး၏စကားကြောင့် ပယင်းမျက်ခုံးတွန့်လိုက်၏။

" အံမယ်... ထူးထူးဆန်းဆန်းပါလားနော် ''

"  ဘာလဲ ကျွန်တော့်ကိုဒီမှာမနေစေချင်လို့လား ကိုကြီးတို့နဲ့သာပြန်လိုက်သွားရင် မင်းလည်းစိတ်ရှုပ်စရာမရှိတော့ဘူးလေ ခုတော့ ဘုရားသွားတာကစလိုက်ပို့ပေးနေရတော့စိတ်ညစ်နေတာမလား ''

" အမလေး မဟုတ်တာရှင် ကျွန်မက ထူးဆန်းလို့ပါ...   ''

" စကားကိုများတယ်  ''

  ပိုင်စေမှူးစကားကြောင့်ပယင်းလည်းမျက်မှောင်ကုတ်လိုက်၏။ သူကပြောရတယ်ရှိသေးတယ် ။ အကောင်းမေးတာကို ပြီးတော့စကားရှည်ကြီးပြောသွားတာလည်းသူပဲကို ကိုယ်ကစကားများရတယ်ရှိသေး ငဂျစ်ကောင်။

🌳🌳🌳

  " မြေးကြီး...  မင်းညီက ရန်ကုန်ကိုပြန်လိုက်မလာဘူးလား ''

  ဒေါ်မြရွှေရည် ဧည့်ခန်းကဆိုဖာပေါ်မှ အိမ်သို့ပြန်ရောက်လာသော မြေးကြီးဖြစ်သူအားမေးလိုက်၏။

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now