အပိုင်း(၃)

2.9K 165 16
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃)

" အရီးလေး ကျွန်တော် မနက်ဖြန်ကလောသွားမလို့ဘာမှာအုံးမလဲ ''

ရောင်ခြည်သစ်တစ်ယောက် ကျောပိုးအိတ်ထဲလိုအပ်တဲ့ပစ္စည်းတွေထည့်ရင်း အရီးဖြစ်သူကိုဒေါ်ငွေမှုံကို လှမ်းမေးလိုက်သည်။

" ဘာမှမမှာတော့ပါဘူးတော် ကလောမှာသာအကြာကြီးမနေနဲ့ အနွေးထည်ထူထူလည်းယူသွားအုံး ''

ငှဲ့လက်စထမင်းအိုးကို မီးဖိုပေါ်ပြန်တင်ရင်း အရီးလေးငွေမှုံကပြန်ဖြေလိုက်သည်။

" ဟုတ်ကဲ့ပါ အရီးလေး ''

" ဒါနဲ့ မေးရအုံးမယ်... ''

မေးခွန်းအစချီလာသော အရီးလေးရဲ့မျက်ဝန်းတွေကိုသေချာစိုက်ကြည့်လျက် ဘာမေးမလဲဟူသည့်သဘောနှင့် ​သေချာအာရုံစိုက်လိုက်သည်။

" ဘာမှ မဟုတ်တော့ပါဘူးအေ ''

ဒေါ်ငွေမှုံတစ်ယောက် မေးဟန်ပြုပြီးမှ လက်ခါပြကာ ကိုယ့်မေးခွန်းကိုယ်ပြန်ရုတ်သိမ်းလိုက်သည်။

ရောင်ခြည်သစ်ကတော့ ဘာမှဆက်မမေးတော့ပဲ ကျောပိုးအိတ်ကို အိပ်ယာဘေးချပြီး လယ်ထဲဆောင်းသော ဝါးနှီးခမောက်လေးဆောင်းကာ လယ်ထဲဆင်းသွားတော့သည်။

ဒေါ်ငွေမှုံကတော့ ထွက်သွားသော တူဖြစ်သူရဲ့နောက်ကျောပြင်ကိုကြည့်ရင်းသက်ပြင်းချရုံမှတစ်ပါးမတတ်နိုင်တော့...

🌳🌳🌳🌳🌳

" ဦးကြီး သာဒင် ရောက်နေပြီလားဗျ ''

" အေးကွ... ငါ့တူက ဒီနေ့နောက်ကျလှပါလား.. ''

ဦးသာဒင်တစ်​ယောက် ပေါက်ပြားပေါက်မပျက်ပဲ ရောင်ခြည်သစ်ကိုဖြေလိုက်သည်။ဦးကြီးဆိုပေမဲ့ ရောင်ခြည်သစ်နဲ့တော့သွေးသားမနီးချေ။ လေးစားမှု၊ ရင်းနှီးမှုအရသာ ခေါ်ခြင်းဖြစ်သည်။

" ဟုတ်တယ် ဦး​ကြီးရေ... နက်ဖြန်ကလောသွားမှာမို့ ပြင်ဆင်နေတာနဲ့ ခုလိုကြာသွားတာ ''

ရောင်ခြည်သစ်တို့မိသားစုက ပင်းတယမှာ ဧကများစွာသော​မြေတွေကိုပိုင်ဆိုင်ထားပြီး အငှားအလုပ်သမားများဖြင့် ဝိုင်းကူလုပ်ကြခြင်းဖြစ်သည်။ လက်လုပ်လက်စားအများစုကလည်း ရောင်ခြည်သစ်တို့ မိသားစုဆီမှာသာ အလုပ်လုပ်ကြတာများသည်။ ဆယ်နှစ်ရာသီမပြတ်စိုက်ခင်းစိုက်ကြသောကြောင့် အလုပ်သမားများလည်းအလုပ်ရကြသလို အရမ်းအဆင်ပြေကြတာမျိုးမဟုတ်ပေမဲ့ အစားသောက်ချောင်သည်။ သီးနှံပေါ်ချိန်တိုင်းလည်း အလုပ်သမားတွေကိုခွဲဝေပေးသေးသည်မို့ အလုပ်လုပ်ရတာ အဆင်ပြေကြသလို ဝမ်းရေးလည်းအဆင်ပြေကြသည်။

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now