Unicode
🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၁၉)
ဆေးရုံကြီး၏အတွင်းသို့ အဘွားအိုတစ်ယောက်နှင့်အမျိုးသမီးတစ်ဦးကား အမောတရောဝင်ရောက်လာကြသည်။ မျက်နှာမှာလည်းအံ့သြမှု ပျော်ရွှင်မှုတို့နှင့်ပြည့်နက်နေသည်။ ဝင်ရောက်လာသောအဘွားအိုမှာ ထိုဆေးရုံ၏ပိုင်ရှင်ဒေါ်ရွှေရည်မြဖြစ်ပြီး ဘေးအမျိုးသမီးမှာ သမီးဖြစ်သူ ရွှေရည်သွဲ့ပင်ဖြစ်သည်။
အလွတ်ရနေသော သီးသန့်အခန်းတစ်ခုရှေ့ရောက်သည်နှင့် ဒေါရွှေရည်မြ ဆေးရုံတံခါးကိုဖွင့်ကာဝင်ရောက်သွားတော့သည်။
အခန်းထဲရောက်သည်နှင့် ခေါင်းစွပ်အဖြူကိုစွပ်ထားပြီး လူနာဝတ်စုံကိုဝတိဆင်ထားသည့် လူငယ်လေးကားစောင့်ကြိုနေသည်။
" ကကြိုး မြေးလေး ''
ထိုအဘွားအိုမှာ ချိနဲ့နေသည့်အင်အားတို့မှာ ဘယ်လိုပြည့်လာသည်ပင်မသိရ ပြန်လည်သတိရလာသော မြေးဖြစ်သူကို မြင်သည်နှင့်အားရဝမ်းသာဖက်တော့သည်။ ကကြိုးမှာကား ရုတ်တရက်အခန်းထဲရောက်လာပြီး ပြေးဖက်လာသောအဖွားဆိုသူကြောင့်အနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဘေးက ပန်းသီးနွှာနေသော မိခင်ကိုကြည့်လိုက်တော့ ဟုတ်တယ်ဆိုသည့်သဘောနှင့် ခေါင်းညိတ်ပြနေသည် ။ ထိုခါကျမှ ကကြိုးလည်းအလိုက်သင့်ပြန်ဖက်လိုက်သည်။
" မင်းကတော့ အဘွားကိုဘယ်မှတ်မိလဲ အဘွားကမှားခဲ့တာ မင်းတို့သားမိကို ဒီလိုအကြာကြီးပစ်ထားဖို့မကောင်းဘူး ဒါဆို မြေးလေးဒီလောက်ကြာကြီး ဒုက္ခတွေခံရပါ့မလား ''
အဘွားအိုကား ကကြိုး၏ ခန္ဓာကိုယ်အနှံ့သူ၏တွန့်နေပြီဖြစ်သော လက်ဖဝါးတို့နှင့် ထိတွေ့ကာကြည်နူးနေသည်။ ပျော်ရွှင်တို့ကြောင့်မျက်ရည်တို့ပင်ကျဆင်းလာရသည်ထိ။
" အဘွားသေပျော်ပါပြီ နောက်ဆုံးတော့ မြေးလေးကိုရောသမီးလေးကိုရော ပြန်တွေ့ခဲ့ရတာ မဟုတ်ရင် ဒီတစ်သက် အဘွားအသေဖြောင့်ပါ့အုံးမလား ''
" အဘွားက ကျွန်တော်တို့နဲ့ဘယ်လိုပြန်ဆုံခဲ့တာလဲဟင် ကျွန်တော်မှတ်မိသလောက်ဘွားနဲ့မဆုံခဲ့ဘူးလားလို့ ''

VOUS LISEZ
လရိပ်ဆင်သည့်ကကြိုး Season2
Roman d'amourချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???