အပိုင်း(၁)

4.6K 192 37
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၁)

မနက်ခင်းရဲ့လင်းရောင်ခြည်နဲ့အတူ အလင်းတန်းဖျော့ဖျော့လေးတွေကား ကမ္ဘာမြေပြင်ပေါ်သို့သွန်းချလျက်ရှိသည်။ ကျေးငှက်တို့ရဲ့ ကျီကျီကျာကျာအော်သံလေးတွေကားပင်းတယရဲ့ မနက်ခင်းကိုပို၍ပြည့်စုံစေသည်။

  ရောင်ခြည်သစ်....  ကျွန်တော်ရဲ့နာမည်လေး... ပင်းတယမှာ အရီးလေးနဲ့နေတယ်။ သစ်ခင်းတွေစိုက်ပြီး အလုပ်လုပ်တယ်။ လာလည်တဲ့ခရီးသွားတွေရှိလည်းလိုက်ပြပေးတယ်။ ဒီဒေသလေးမှာကျွန်တော်အခြေချလာတဲ့ (၁၀) နှစ်ဆိုအချိန်အပိုင်းခြားတစ်ခုပင်ကြာခဲ့ပြီဖြစ်သည်။

  ဖေဖေနဲ့မေမေက နေ့သစ်ဘဝသစ်မှာ ရောင်ခြည်သစ်တွေနဲ့ရှင်သန်စေချင်လို့ဒီနာမည်လေးကိုပေးခဲ့တာတဲ့။ အဖေနဲ့အမေက ရန်ကုန်မှာဒါမဲ့ကျွန်တော်က ပင်းတယမှာပဲပျော်တယ် ။ ဒီမှာပဲနေချင်တယ်။ စိမ်းလန်းနေတဲ့တောင်တန်းတွေကိုချစ်တယ်။ ကလောရဲ့တိမ်ပင်လယ်ကတော့ ကျွန်တော်အချစ်ဆုံး.... ဘာလို့တိမ်ပင်လယ်ကိုအရမ်းချစ်လည်းမသိဘူး.... ကျွန်​​တော့်နှလုံးသားထဲက​ကိုလိုလိုလားလားသဘောကျတာ ...ကျွန်တော်သွားတိုင်းလူတစ်ယောက်ကိုအမြဲသတိထားမိတယ်... ဒီတစ်ခေါက်ရော အဲ့လူကိုတွေ့အုံးမလား.....

🍃🍃🍃🍃🍃🍃🍃

   ခမ်းနားလွန်းသည့်စံအိမ်ကြီးရဲ့အတွင်းမှာ အသက် (၂၇) နှစ်ရွယ်လူငယ်တစ်ယောက် တဖွဲဖွဲကျနေသောမိုးစက်ငယ်တွေကိုကြည့် လျက်အတိတ်ကိုလွမ်းဆွတ်နေသည်။ ဖန်ခွက်ငယ်ထဲမှာ အနည်းငယ်သာကျတော့သည့်
ဝီစကီခပ်ပြင်းပြင်းတစ်ခွက်ကို ရင်ထဲမှအပူ​​တွေကိုသက်သာ​လို့သက်သာ​ငြားအတူ​မျှောချလိုက်သည်။ပူပြင်းပြင်းခပ်ရှရှ ဝီစကီက သူ့ရင်ထဲက အပူမီးကိုတော့ ငြိမ်းသက်နိုင်စွမ်းမရှိ.... နှစ်ကာလများစွာမရိတ်ဖြစ်ခဲ့တဲ့ ပသိုင်းမွှေးတွေက ရှည်လျားပြီးလည်တိုင်သို့ပင်ထိလုနေပြီ။ ခပ်အုပ်အုပ်လေးနဲ့ကြည့်ကောင်းခဲ့တဲ့ဦးခေါင်းထက်ကဆံနွယ်တွေကား မျက်နှာကိုဖုံးအုပ်လျက် ရုပ်ပင်ပျောက်တော့မည်...

  စီးကရက်တစ်လိပ်ကို အသာမီးငြိလျက် နှာခေါင်းပေါက်ရောပါးစပ်ကပါ အခိုးငွေ့တွေကို မှုတ်ထုတ်လိုက်သည်။ ထိုလွှင့်စင်သွားသောအခိုးငွေ့တွေနဲ့အတူ ခံစားချက်တွေကတော့ပါမသွားခဲ့ချေ...

လရိပ်ဆင်သည့်ကကြိုး Season2Where stories live. Discover now