အပိုင်း(၃၀)

1.9K 92 18
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၃၀)

မနက်ခင်း အားလုံးပြင်ဆင်ပြီးသွားတော့ လရိပ်မာန်က ခြံဝမှာ ဆိုင်ကယ်ကိုခွလျက်အဆင်သင့်ဖြစ်နေချေပြီဖြစ်သည်။ ကကြိုးလည်းကင်မရာလေးတစ်လုံးကိုလည်ပင်းမှာလွယ်လျက် ဆင်းလာသည်။ ဝါဆွေးဆွေးအင်္ကျီရှည်နဲ့ နီညိုရောင် ယောပုဆိုးကိုဝတ်ဆင်ထားတဲ့ ကကြိုးကား နေရောင်နဲ့အပြိုင်တောက်ပနေ၏။

" ရောင်ခြည် ​ကျွန်တော် တို့သွားရအောင်လေ ''

" အင်း ''

ဆိုင်ကယ်လက်ကိုင်မှာအသင့်ချိတ်ထားသော ဆိုင်ကယ်စီးဦးထုပ်အနီရောင်လေးကိုဝတ်ဆင်ပြီး အနောက်မှာထိုင်လိုက်သည်။ ပြုတ်မကျစေဖို့အတွက်လည်းဆိုင်ကယ်ရဲ့ အောက်ခုံကိုသာကိုင်ထားလိုက်သည်။

ကကြိုးရဲ့လက်တစ်စုံ သူ့ခါးပေါ်ရောက်လာဖို့ လရိပ်မာန်မျှော်လင့်ခဲ့တာတော့အမှန်ပါပေ။ သို့သော်ငြား လက်တွေကားသူ့ခါးအသားဆိုင်ကယ်ဆီကိုသာရောက်သွားခဲ့သည်။ ဝမ်းနည်းနေသော်ငြား သူမငိုကြွေးမိတော့... ငိုကြွေးခြင်းမျက်ရည်ဆိုတာ သူ့ရင်ထဲက အပူမီးကို ငြိမ်းသက်နိုင်စွမ်းရှိပါ့မလား။

" ကိုလရိပ် မောင်းတော့လေ ကျနော်က နောက်ကနေ ဘယ်လိုသွားရမယ်ဆိုတာပြောပြပေးမယ် ''

" အင်း ''

အနောက်ကနေ သတိပေးနေတဲ့ ကကြိုးအသံကြားမှပဲ လရိပ်မာန် အတွေးတွေကိုရပ်တန့်ကာ ဆိုင်ကယ်ကိုမောင်းနှင်လိုက်တော့သည်။

ထွက်သွားသော ဆိုင်ကယ်ကိုကြည့်ရင်း ဒေါ်ငွေမှုံတစ်ယောက်သက်ပြင်းခပ်ယဲ့ယဲ့ချမိပါသည်။ ကကြိုးက အဘယ်ကြောင်းကြောင့်များ ရောင်ခြည်သစ်အဖြစ်ဆက်ဟန်ဆောင်နေသည်ကို နားမလည်နိုင်တော့ နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ပွင့်လင်းပြီး ချစ်ခင်နေကြမယ်ဆိုရင် အားလုံးက အဆင်ပြေနေပြီပဲလေ။

ဆိုင်ကယ်ကလေးမှာ လမ်းမပေါ်တွေဖြတ်သန်းလျက် လေအရှိန်လိုမောင်းနှင်နေသည်။
အရှေ့က ကောင်လေးက ဆိုင်ကယ်မောင်းနှင်သူကိုမထိပဲ အရှေ့ကကောင်လေးက ဆိုင်ကယ်ဦးထုပ်မှန်အောက်မှ ရှေ့ကိုသာအာရုံစူးစိုက်နေ၏။ သို့သော်ငြား အနောက်ကကောင်လေးသူ့ကိုထိတွေ့လာမည့်အချိန်ကိုတော့ဆိုင်ကယ်မှန်မှတစ်ဆင့်တကြည့်ကြည့်နဲ့မျှော်နေပါလေ၏။

လရိပ်ဆင်သည့်ကကြိုး Season2Nơi câu chuyện tồn tại. Hãy khám phá bây giờ