🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂၉)
အော်..အီး..အီး...အွတ်...
စိုက်ခင်းထဲမှာ ဦးကြီးသာဒင်မွေးထားသော ကြက်ဖကြီးကား မနက်မိုးလင်းသည်နှင့် ကျယ်လောင်စွာတွန်မြည်လာသည်။ ကြက်ဖ၏တွန်သံနှင့်အတူ နေရောင်လုံးကြီးသည်လည်းမြင့်တက်လာ၏။
ကြက်ဖအော်သံကြောင့် လရိပ်မာန်တစ်ယောက်ရီဝေဝေဖြစ်နေသော မျက်လုံးတို့ကို အားယူဖွငွလိုက်၏။ ဦးခေါင်းထဲမှာလည်း ညကအရှိန်ကြောင့် ထိုးကိုက်လို့နေသည်။ ဘေးဘီကိုကြည့်လိုက်တော့ သစ်စနဲ့ ထက်ဦးရှိန်ကား ဖက်လျက်အိပ်ပျော်နေ၏။ ဦးကြီးသာဒင်နဲ့ဖိုးမောင်ကလည်းမနိုးသေချေ။ ပိုင်စေမှူးကိုတော်မတွေ့ရ။
မူးချင်ချင်ဖြစ်နေသေးသော ဦးခေါင်ကိုထပ်မံခါးရမ်းလိုက်သည်။ ပြီးသည်နှင့် ဒယီးဒယိုင်ခြေလှမ်းတွေနဲ့ မျက်နှာသစ်ရန်ထွက်သွား၏။
အပြင်ရောက်မှပိုင်စေမှူးကိုတွေ့ရသည် ။ ညက ဘယ်လောက်ထိမှောက်သွားသည်မသိ သေချာတာတော့ ပိုင်စေမှူးကား မီးပုံရှိရာ၌ပင်အိပ်ပျော်နေ၏။
မျက်နှာသစ်ရန် ရေအုတ်ကန်နားရောက်တော့ ရောင်ခြည်သစ်က မျက်နှာသစ်ပြီးနေပြီဖြစ်၏။
မျက်နှာသစ်ပြီးကာစမို့ထင် မျက်နှာကားကြည်လင်ဝင်းမွတ်နေ၏။ ဆံနွယ်ထိပ်ဖျားလေးတွေမှာလည်း ရေအနည်းငယ်စိုနေ၏။ လရိပ်မာန်ကြည့်ရင်း နှုတ်ခမ်းဆီသို့ရောက်သွားသောအခါ ရောင်ခြည်သစ် နှုတ်ခမ်းတို့ကား အနည်းငယ်ပေါက်နေသလိုပင်။" ရောင်ခြည်... နှုတ်ခမ်းကဘာဖြစ်တာလဲ ''
" နှုတ်ခမ်း... ''
ကကြိုးပြောရင်း သူ့နှုတ်ခမ်းသူပြန်ကိုင်ကြည့်မိတော့ ညက အဖြစ်ပျက်တွေကိုသတိရမိပြန်၏။
ကြည်နူး၍လား ပျော်ရွှင်၍လားပင်မသိ သူတောင်ခပ်လျော့လျော့လေးပြုံးမိသည်ထိ။
" ဒီကောင်... အရမ်းအကျင့်ပုတ်တဲ့အကောင်တစ်ကောင်ကိုက်သွားတာ ''ကကြိုးပြောပြီး နေရာမှ ခြေလှမ်းသွက်သွက်နှင့် ခပ်ပြုံးပြုံးပင်ထွက်လာခဲ့တော့သည်။ အနည်းငယ်ရှက်နေတာလည်းပါသည် ။ လရိပ်မာန်ကတော့ အကောင်ကိုက်ခံရတာကိုပြုံးနေတယ်ဟု တွေးကောင်းတွေးနေခဲ့နိုင်ပါသည်။
ŞİMDİ OKUDUĞUN
လရိပ်ဆင်သည့်ကကြိုး Season2
Romantizmချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???