အပိုင်း(၂၂)

1.7K 87 8
                                    

🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂၂)

ဖြန်း! !!!

ပြင်းထန်မာကျောသော လက်ဝါးတစ်ချက်သည် ရောင်ခြည်သစ်၏ပါးပြင်ပေါ်သို့ အတားဆီးမဲ့စွာကျရောက်လာသည်။

ပူးနွေးနာကျင်သွားသောပါးပြင်ကိုလက်ဝါးဖြင့်အုပ်လျက် မိခင်ဖြစ်သူကိုရောင်ခြည်ပြန်လှန်ကြည့်လိုက်သည်။

" နင့်လိုကောင်က တစ်နေ့ကျရင်ဒီလိုပဲဖြစ်မယ်ဆိုတာငါထင်သားပဲ အလကားအခြောက်ကောင် မိသားစုထဲမှာ နင့်လိုကောင်မျိုးရှိတာငါရွ့တယ်ဟဲ့ ကြိုက်စရာရှားလို့ယောင်္ကျားချင်းမှကြိုက်ရတယ်လို့ ဟွန့် နင်တို့ကယူပြီးဘာလုပ်ကြမှာလဲ ဟမ်
နင်ဘာနင်ခြောက်တာအေးဆေးခြောက် မိသားစုကိုပါ လာအရှက်ခွဲဖို့ထိမစဉ်းစားနဲ့ တစ်ခါတည်းအမွေပါဖြတ်ပစ်လိုက်မယ် ''

မိခင်ဖြစ်သူ၏စကားလုံးတွေကြားထဲမှာရောသ်ကခည်သစ်၏မျက်ရည်ပူတွေကားတစ်လှိမ့်ချင်းကျဆင်းလာသည်။ ကိုယ့်ကိုမွေးခဲ့တဲ့မိခင်ကတောင်အခုလိုမျိုးအခြောက်လို့ပစ်ပစ်ခါခါပြောရက်သတဲ့လား အခုတော့ နင့်အစားရှက်တယ်တဲ့လား ဆယ်တန်းအောင်တုန်းက ဂုဏ်ထူးတွေပါတော့ ပျော်ရွှင်ဂုဏ်ယူနေတဲ့အမေကဘယ်ရောက်သွားတာလဲ ။ ယောင်္ကျားလေးတစ်ယောက်ကိုချစ်မိတာနဲ့ အခြောက်ဆိုတဲ့ခေါင်းစဉ်တပ်ပြီး အခုလိုမျိုးရက်စက်သတဲ့လား ။

အတွေးနဲ့အတူ မဖိတ်ခေါ်သောမျက်ရည်တွေဟာ တာတမံကျိုးသကဲ့သို့ လက်သီးကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ရင်း အံကြိတ်ကာတင်းခံနေလိုက်သည်။

" ဟဲ့အကောင် အခုကျတော့နင်ကတိတ်ဆိတ်နေပြန်ပါရောလား ပြန်ပြောစမ်းပါအုံးအမေ့တွက်ဂုဏ်ယူရတဲ့သားတစ်ယောက်ဖြစ်စေရပါမယ်ဆိုတဲ့စကားလေးကို ဟမ် ''

".....''

" အမလေးအခုများတော့ကြားလို့မှကောင်းကြသေးရဲ့ ဒေါမြတ်မာခင်ရဲ့သားငယ်က အခြောက်ကြီးတဲ့ အခြောက်မှ ယောင်္ကျားချင်းချင်းကိုမှကြိုက်နေတဲ့အခြောက်တဲ့ နင်ခြောက်ချင်ရင်လည်းမိတ်ကပ်လူးထဘီဝတ်ပြီး ခြောက်လိုက်ပါတော့လား... ငါရှင်းရှငပဲပြောမယ်ရောင်ခြည်သစ် နင့်အကောင်နဲ့နင်ဆက်ပတ်ကြည့် ဒီအိမ်ဟညနင့်ကိုလုံးဝစွန့်ပစ်လိုက်ပြီဆိုတာသေရာပါမှတ်သွား ''

လရိပ်ဆင်သည့်ကကြိုး Season2Wo Geschichten leben. Entdecke jetzt