🍂 လရိပ်ဆင်သည့်ကကြိုး 🍂 ( Season 2) အပိုင်း(၂၁)
မိုးရေပေါက်တို့ကား အပြင်ဘက်မှန်သားပြင်ပေါ်မှာ တွဲလဲခိုနေ၏ ။ ဖန်သားကြည်လေူပေါ်မှာဖြတ်ပြေးသွားတဲ့မိုးရေပေါက်လေးတွေကို ကြည့်ရင်း ကကြိုး၏မျက်နှာပြင်ပေါ်သို့မျက်ရည်ကြည်လေးကား ဖြတ်သန်းစီးဆင်းသွား၏။
ထိုအချင်းရာကို အခန်းထဲသို့ဝင်လာသောရောင်ခြည်သစ် အလုံးစုံမြင်လိုက်သည်။ ကကြိုး၏မျက်ရည်တွေကိုကြည့်ပြီး သူသည်ပင် ထိုနေရာ၌ပင်ငိုင်ကျသွားသည်ထိ။
အတိတ်မေ့နေတယ်ဆိုတဲ့ လူတစ်ယောက်က ငိုနေတယ်ဆိုတာ ဖြစ်သင့်ပါရဲ့လား။ တကယ်ပဲ Ropeကငိုနေတာလား ဘာလို့လဲ အတိတ်မေ့နေတဲ့လူက ဘာကိုဆွေးပြီးခံစားနေမှာလဲ... ပြီးတော့မနေ့ကသူပြောခဲ့တဲ့စကားတွေကလည်းထူးဆန်းတယ် ... Rope ကအတိတ်မမေ့တာလား...
ရောင်ခြည်သစ်စဉ်းစားရင်း မျက်ခုံးတွေကိုမှေးကျဉ်းသွားသည်ထိတွန့်ချိုးလိုက်သည်။ ပြီးသည်နှင့် ကကြိုးကိုစမ်းသပ်ချင်တာကြောင့်စကားလုံးတစ်ချို့ကိုအစပြုပြောလိုက်သည်။" မိုးရေခါးခါးနဲ့ကျိုထားတဲ့ လက်ဖက်ရည်ကြမ်းကအရမ်းသောက်လို့ကောင်းတယ်နော် ''
" အင်း ''
ကကြိုးရုတ်ရက်မို့ သတိလွတ်သွားပြီးဖြေလိုက်မိသည်။ သို့သော်လည်းဟန်မပျက်ပြန်ထိန်းရင်း အင်းဟူသောသကားလုံးအစားမေးခွန်းတစ်ခုကိုပြန်ပြောင်းလိုက်သည်။
" အမ် ဘာပြောလိုက်တာလဲရောင်ခြည်သစ် ''
သေချာပါတယ် သူသေချာပေါက် အင်းလို့ဖြေလိုက်တာ ဘာလို့ညာနေရတာလဲ... ဘာလို့အတိတ်မမေ့တာကိုဖုံးကွယ်ချင်နေရတာလဲ ။
" ကိစ္စတစ်ခုခုရှိလို့လား ရောင်ခြည်သစ် ''
ဘာမှပြန်မပြောပဲ ရပ်ပြီးစိုက်ကြည့်နေသော ရောင်ခြည်သစ်ကို ကကြိုးကပင် စကားလမ်းကြောင်း ထပ်ပြောင်းလိုက်ရသည်။ အခုလောက်ဆိုရောင်ခြည်သစ်အနည်းငယ်ရိပ်မိနေပြီဆိုတာကို ကကြိုးသိသည်။
ကကြိုးနဲ့ရောင်ခြည်သစ်ကြားက လေထုသည်လည်းအပြင်ကချမ်းစိမ့်စိမ့်အအေးဓာတ်ကြောင့်ပင်လားမသိအနည်းငယ်ပို၍အေးစက်လာသည်။
ရောင်ခြည်သစ်ကလည်းကကြိုးအမေးကိုဖြေဖြန်ခြင်းမရှိသလိုကကြိုးကလည်း အမှန်တရားကိုဖုံးကွယ်ထားဆဲ ။

BINABASA MO ANG
လရိပ်ဆင်သည့်ကကြိုး Season2
Romanceချစ်တယ်တဲ့..... နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ လူသားတိုင်းက တစ်စုံတစ်ဦးကိုပြောဖူးကြမှာပေါ့... ဒါပေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပါလျက် ဖွင့်ပြောခွင့်မရခဲ့ကြဘူး... Start Date 13.8.2021 End Date ???