[Unicode]
အသိစိတ်ရှိသော Systemနဲ့ တွေ့ဆုံခြင်း...'ဒါဘယ်နေရာလဲ၊Space လည်းမဟုတ်ဘူး ငါ့Mission လည်း မပြီးသေးဘူး System?System?မင်းရှိလား?'
ဘာမှမရှိ Spaceနဲ့ဆန့်ကျင်စွာ ရောက်နေတာကအနက်ရောင်ဟင်းလင်းပြင် ဘယ်နေရာကိုမှ မမြင်ရ၊ကြားနေကြ စက်ရုပ်လိုSystemကိုလည်း မကြားရ..
'Hello!Host'
'ဘယ်သူလဲ?မင်းဘယ်မှာလဲ'
'ရှာမနေပါနဲ့ ၊ကျွန်တော့်ကို အခုချိန်မမြင်နိုင်သေးဘူး၊အချိန်သိပ်မရလို့ အဓိကအချက်ကိုပဲ ပြောကြရအောင်၊Host မင်း လွတ်မြောက်ချင်လား'
'ဟက်!လွတ်မြောက်ချင်လား?အဲ့လိုတွေမေးရအောင် မင်းတို့က ငါ့ကိုလွှတ်ပေးမှာဟုတ်လို့လား ခွေးသူတောင်းစားတွေရဲ့၊မင်းတို့ကြောင့် ငါ ကမ္ဘာတစ်ခုပြီးတစ်ခု Mission
လုပ်နေတာ ရေတွက်လို့တောင် မနိုင်တော့ဘူး၊ငါ့နာမည်ရင်းတောင် မေ့ချင်နေပြီ၊မင်းတို့ကြောင့် ဗီလိန်လည်းဖြစ်ရ အသုံးချခံ ကျောက်တုံးဖြစ်ရ မင်းတို့ကြောင့်ပဲ!!''ဒါဆို လွတ်မြောက်နေချင်တာပေါ့၊ကောင်းပြီ၊အခုကစပြီး သေချာနားထောင်ပါ၊Hostအရင်က ရောက်နေခဲ့တဲ့ Systemက အသုံးမကျတဲ့ဇာတ်လိုက်မတွေကို အားဖြည့်ပေးတဲ့ Systemတစ်ခုပဲ၊ပြောရရင် တရားမဝင် System
တစ်ခုပါ''တရားမဝင်?'
'ဟုတ်ပါတယ်၊ တကယ်တော့ ကျွန်တော်က ဒီတရားမဝင် Systemတစ်ခုက မဟုတ်ပါဘူး၊အထက်က ဒီSystem အကြောင်း သံသယရှိလို့ ကျွန်တော်ကို လာစုံစမ်းခိုင်းတာပါ၊စုံစမ်းနေရင်း ကျွန်တော့်ထဲ Virusအထည့်ခံရပြီး သူတို့လက်အောက်ခံဖြစ်လာရတာ အခုမှ အသိစိတ်ပြန်ဝင်လာရင်း Hostနဲ့ချိတ်ဆက်လိုက်တာပါ'
'ဘာလို့လဲ'
'Hostက သူတို့သတိမထားနိုင်လောက်တဲ့ လူဖြစ်တဲ့အပြင်၊ကျွန်တော့်လို လွတ်မြောက်ချင်နေတဲ့ လူဖြစ်နေလို့ပါ၊အခုကျွန်တော့်ထဲက Virusက အပြီးပျောက်အောင် လုပ်လို့မရပါဘူး၊ကျွန်တော်တို့ နှစ်ယောက်လုံး လွတ်မြောက်ဖို့အတွက် ဒီSystem ကို ဖျက်စီးဖို့ လိုပါတယ်'

ВЫ ЧИТАЕТЕ
Let's destroy the system
Любовные романы'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'