[Unicode]
Zombie World
'ခေါင်းဆောင်!'
Simonက Reiကို လှမ်းအော်လိုက်တော့ Reiက တိုးတိုးနေရန်အချက်ပြလိုက်ပြီး သူ့ပေါ်မှာ အိပ်နေတဲ့ ကောင်လေး နိုးသွားမလားလို့ စိုးရိမ်တကြီး စစ်ကြည့်လိုက်တယ်။ပင်ပန်းနေပုံရတဲ့ ကောင်လေးက အိပ်ပျော်နေဆဲဖြစ်တော့ စိတ်သက်သာရာရသွားပြီး စခန်းကိုပြန်ဖို့ ပြောလိုက်သည်။
စခန်းရောက်တော့ အကုန်လုံးလိုလိုက သူ့ရင်ခွင်ထဲက ကောင်လေးကို စူးစမ်းသလို ကြည့်နေကြတော့ အကြည့်စူးစူးတွေပြန်ပေးလိုက်ပြီး အစည်းအဝေးခန်းထဲကို ဝင်သွားလိုက်သည်။
အစက ကောင်လေးကို သူ့အခန်းထဲမှာ ထားခဲ့ချင်ပေမယ့် ကောင်လေးကို ထားခဲ့ရမှာစိတ်မချ၊သူ့နားမှာပဲရှိနေတာကို သဘောကျတယ်။
ခုံမှာထိုင်ချလိုက်တာနဲ့ ရင်ခွင်ထဲကကောင်လေးက လှုပ်လာပြီး နိုးလာတယ်။
'နားချင်ပြီလား၊ခဏလေးစောင့်ပေး မြန်မြန်အဆုံးသတ်လိုက်မယ်'
အစည်းအဝေးခန်းထဲက လူတိုင်းက ခေါင်းဆောင်ရဲ့ နူးညံ့နေတဲ့ အပြုအမူကြောင့် ဆွံအကုန်တယ်။မကျေနပ်ဆုံးက Sam၊သူ့ကို လေလိုမျိူး လျစ်လျူရှူတာဆိုလို့ Reiပဲရှိတယ်၊အဲ့တာကလည်း Ryuuကြောင့်ပဲ။
'အင်း၊မြန်မြန်လုပ်နော်'
Ryuuက မျက်နှာချင်းဆိုင် ထိုင်နေတဲ့ အနေအထားကနေ Reiကို ကျောပေးပြီး ပြောင်းထိုင်လိုက်တယ်။Reiရဲ့ ရင်ခွင်ကို ကျောမှီပြီး လက်အိတ်ဝတ်ထားတဲ့ Reiရဲ့လက်တွေကို ဆော့ကစားနေလိုက်တယ်။Ryuuက သူတို့ခေါင်းဆောင်အပေါ် ပိုင်စိုးပိုင်နင်း ပြုမူနေတော့ ခေါင်းဆောင် ဒေါသထွက်လောက်ပြီလို့ ထင်ထားပေမယ့် Reiက သဘောကျရယ်လိုက် သူ့လက်အိတ်ကို ချတ်ပြီး ကောင်လေးလက်မှာ ဝတ်ပေးလိုက်တယ်။
'မင်းလိုချင်ရင် ယူထားလိုက်'
'ခင်ဗျားက အကောင်းဆုံးပဲ'
Reiဘက်ကို မျက်လုံးမှိတ်သွားတဲ့အထိ ပြုံးပြီးပြောတော့ Reiက သဘောကျစွာ ကောင်လေးရဲ့ ဆံပင်တွေကို ဖွနေလိုက်သည်။ဇာတ်လိုက်နှစ်ယောက်နဲ့တပ်ဖွဲ့ခေါင်းဆောင်များ : တဆိတ်လောက်!ဒီကို ခွေးစာ လာစားတာ မဟုတ်ဘူးနော်!
ESTÁS LEYENDO
Let's destroy the system
Romance'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'