[Unicode]
Entertainment Life....
ဟဲကတ်စ်နဲ့ ဆွေးနွေးပြီးတော့ ရန်ရွှယ် သူ့အကောင့်ကနေ Liveလွှင့်ဖို့ ပြင်တော့တယ်။Live လွှင့်ပြီး ၁မိနစ်အကြာမှာပဲ ဝင်ကြည့်တဲ့လူတွေက တစ်သောင်းကျော်လာတယ်။လိုဂန်ပရိိတ်သတ်တွေ၊ခရစ်ပရိတ်သတ်တွေ၊စပ်စုချင်ကြတဲ့လူတွေကြောင့် ပိုပိုများလာတယ်။
လိုဂန်က ခရစ်နဲ့အတူတူတွဲထိုင်နေပြီး သူကပဲစကားအရင်စလိုက်တယ်။
'အားလုံးပဲ မတွေ့ရတာကြာပြီနော်.....'
ရန်ရွှယ် သူ့ပရိတ်သတ်တွေနဲ့ အရင်ဆုံး နှုတ်ဆက်စကားပြောနေလိုက်တယ်၊အကုန်လုံးက ဒီကိစ္စကို သိချင်နေပေမယ့် သူတို့Idolက သူတို့နဲ့ စကားပြောပေးနေတော့ ရင်ထဲမှာ ပန်းတွေပွင့်နေတယ်။တစ်ယောက်သော သူက သူ့ကိုလျစ်လျူရှူထားတယ် ခံစားရလို့ မျက်နှာမဲလာတယ်။အခြေအနေ ရိပ်မိတဲ့ ရန်ရွှယ်က အဓိကိစ္စကိုပဲ ပြောဖို့ပြင်လိုက်တယ်၊သူ့အထက်ပုဂ္ဂိုလ်ကြီး စိတ်ဆိုးရင် ခံရမှာ သူလေ။
'ကျွန်တော်မင်းတို့ကို ပြောချင်တာက ကျွန်တော်နဲ့ခရစ်အကြောင်းပါ'
စကားအစချီလိုက်နဲ့ Liveထဲက Commentတွေက တိတ်ဆိတ်သွားတယ်၊သူဘာဆက်ပြောမလဲဆိုတာ စောင့်စားနေကြတယ်။တစ်ယောက်က ရွှေဇွန်းကိုက်မွေးလာသလို၊တစ်ယောက်က လုံးဝဆန့်ကျင်ဘက်။'ကျွန်တော်နဲ့ခရစ်က တကယ်တွဲနေတာပါ၊ခရစ်ကို ပြောဆိုနေတာတွေကို ရပ်ပေးကြပါ၊သူ့အတိတ်ကို ကျွန်တော်က လက်ခံနိုင်သလို မင်းတို့လည်း လက်ခံပေးဖို့ မျှော်လင့်တယ်။သူလည်း အများကြီး ကျော်ဖြတ်ခဲ့ရတာပါ။
နောက်ပြီး သူက ကျွန်တော့်ကို မြူဆွယ်ခဲ့တာ မဟုတ်ပါဘူးနော်၊ဒီသခင်လေးကသာ သူ့ကိုအရင်ကြိုက်ပြီး သူ့ကိုမြူဆွယ်ခဲ့ရတာ...အဟမ်း'
အရှက်ပြေ ချောင်းဟမ့်လိုက်တယ်၊ဘေးက ခရစ်ကတော့ အကြင်နာအပြည့်နဲ့ သူ့ကိုပဲကြည့်နေတယ်။Comment :: လိုဂန်လေး ရှက်နေတာမလား!!!!!သူရှက်နေတာ အခုမှမြင်ဖူးတယ်၊ချစ်ဖို့ကောင်းလိုက်တာ!!!!!အရင်လို ရေခဲတုံးလေး မဟုတ်တော့လည်း ချစ်စရာလေး!!!
Comment ::ဒီလို သူဌေးနဲ့ဆင်းရဲသား ဇာတ်လမ်းကို ဝတ္ထုထဲမှာပဲ ရှိတယ်ထင်ခဲ့တာ၊အခုတော့ လက်တွေ့မြင်လိုက်ရပြီ။
![](https://img.wattpad.com/cover/284437982-288-k938867.jpg)
VOUS LISEZ
Let's destroy the system
Roman d'amour'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'