[Unicode]
Zombie World
'သွားဖို့ကို အရမ်းလောနေကြတာပဲ၊စောင့်ပါအုန်း'
အမှောင်ထဲက ယောကျာ်းတစ်ယောက်အသံကို ကြားတော့ သူတို့လှည့်ကြည့်လိုက်ရာ Samကို လည်ပင်းဓားထောက်ထားတဲ့ လူတစ်စု။
ပုန်းကွယ်ပြီး လူတစ်ယောက်ကို ချက်ချင်း ဖမ်းခေါ်သွားနိုင်ပုံအရ အမှောင်ထဲက လူမှာ ဘယ်လောက် အရည်အချင်းရှိလဲ သိသာသည်။
"Oh....Maxလေးရယ် ဇာတ်လမ်းက အကြီးကြီး ပြောင်းလာပြီ"
"အရင်Systemရဲ့ နေရာကို ဝင်ယူလိုက်တဲ့ အကျိူးဆက်ပဲဖြစ်မယ်"
"ဆိုလိုတာက...?"
"Dr.Zက Systemနဲ့ ချိတ်ဆက်လိုက်တာ ဖြစ်လိမ့်မယ်"
"ငါတို့ကို သတိထားမိသွားတာလား"
"မဟုတ်ဘူး၊သတိထားမိသွားရင် သူတို့Systemကတစ်ခုလုံးကို စစ်ဆေးလိမ့်မယ်၊အခုက ဒီတိုင်း တခြားSystemလို့ ထင်နေမှာပဲ"
"Oh....သူ့တာဝန်က ဘာဖြစ်မယ်ထင်လဲ"
"...."
"ငါ့ကို သတ်ဖို့လို့ ထင်တာပဲ၊ငါက Systemနဲ့ ချိတ်ထားမှန်း သူသိပြီးသားဖြစ်လိမ့်မယ်"
"မင်းဘာဆက်လုပ်မှာလဲ"
"တခြားSystemက Hostတွေဆိုရင်ရော ဘာလုပ်လဲ"
"နည်းလမ်း၂ခုရှိတယ်"
"ဘာတွေလဲ"
"သူသေကိုယ်သေတိုက်တာ"
"နောက်တစ်ခုက?"
"ထွက်ပြေးတာ"
"ထွက်ပြေးတာက ငါ့သမိုင်းမှာ မရှိဘူး"
'Sam!'
'Simon!ငါ့ကို ကယ်ပါ ငါ..ငါ ကြောက်တယ်'
Simon သူ့ကိုယ်သူ အပြစ်တင်လို့မဆုံးဘူး၊သူတို့က Samကို သူ့အနားကနေ ဖမ်းခေါ်သွားတာပဲ၊သူလုံးလုံး သတိမထားမိဘူး။'အချစ်ဌက်လေးတွေက ငြိမ်နေလိုက်အုန်း၊အဓိကဇာတ်ဆောင်တွေ ဆွေးနွေးလိုက်အုန်းမယ်'
Samကို တခြားလူလက်ထဲ လွှဲပေးလိုက်ပြီး Zekki သူ့ပြစ်မှတ်ကို ရှာလိုက်သည်။
လက်ထိပ်နဲ့ Ryuuဆိုတဲ့ ကောင်လေး...တာဝန်အရ ဒီကောင်လေးကို သတ်ရမှာ နမြောစရာပဲ။မလုပ်ချင်ပေမယ့် တာဝန်အရပဲလေ...

ВЫ ЧИТАЕТЕ
Let's destroy the system
Любовные романы'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'