Chapter-4(Arc-1)

5.6K 620 9
                                    

[Unicode]

School Life....

ကျောင်းဆင်းချိန်ရောက်တော့ ဟန်းအာကို နှုတ်ဆက်ပြီး အိမ်သို့ပြန်လာလိုက်တယ်။
'သားလေး ပြန်ရောက်ပြီပဲ'

'အမေအိမ်ပြန်ရောက်နေတာ အစောကြီးပဲ'

'ဒီနေ့ ကုမ္ပဏီအလုပ်က သိပ်မရှိဘူးလေ မင်းအဖေနဲ့ပဲ အလုပ်တွေကို ထားခဲ့လိုက်တာ'

'အဲ့တော့ အမေက အိမ်မှာလာနားတာပေါ့'

'သားနဲ့ မတွေ့ဖြစ်လို့လေ၊တစ်အိမ်ထဲနေပေမယ့် မနက်လည်း ကျောင်းစောစောသွား ညဆိုလည်း အမေတို့က နောက်ကျနေတာကို'

'အဲ့တာကြောင့် အလုပ်အရမ်းမလုပ်ပါနဲ့လို့ ပြောသားပဲ'
ရန်ရွှယ်အမေဘေးမှာ ဝင်ထိုင်ရင်း မူလခန္ဓာကိုယ် ပိုင်ရှင်ချွဲသလိုမျိူး အမေ့ကိုဖက်လိုက်တယ်

'အချွဲလေး အထက်တန်းကျောင်းသားပဲ ဖြစ်နေပြီ'

'ဒီတိုင်း ဖက်ချင်လို့ပါ၊လူတစ်ယောက်ကို ဖက်ရတာက အကောင်းဆုံးပဲ၊အထူးသဖြင့် ကိုယ်ချစ်တဲ့လူဆိုရင်ပေါ့'

'ဖားနေလိုက်တာ မုန့်ဖိုးလိုချင်လို့လား'

'မဟုတ်ပါဘူး....သားအခန်းပြန်နားတော့မယ်'

'ဟုတ်ပါပြီ၊ခဏနေ အိမ်တော်ထိန်းကို သစ်သီးတွေခွဲပြီး လာပို့ခိုင်းလိုက်မယ်'

'ဟုတ်'
ရန်ရွှယ် အခန်းထဲ ပြန်ရောက်တော့

"သတင်းဆိုးရှိတယ်"

"ဘာသတင်းလဲ"

"Systemရဲ့ဇာတ်လိုက်မ နင်းနင်းပေါ်လာပြီ"

"သူ့ကိုယ်ထဲ Hostရောက်လာတာကို ပြောချင်တာလား"

"ပထမနှစ်ကတည်းက ရောက်နေတာ"

"အ့ဆို ဘာလို့ အခုမှပေါ်လာပြီ ပြောတာလဲ"

"သူက ဇာတ်ကြောင်းကို မနှောင့်ယှက်သေးဘူးလေ၊အခုကျမှ ဇာတ်ကြောင်းထဲ ဝင်လာတော့မှာ"

"ဘာလို့လဲ"

"လင်းဟန်က ဟန်းအာအတွက် ကျောင်းဆင်းတောြ စာတစ်စောင်ထားသွားလို့ပဲ၊အဲ့စာကအခု နင်းနင်းက ယူသွားပြီ@

"ဘာတွေရေးထားလဲ"

"ငါမသိဘူး၊နင်းနင်းအနားကို အရမ်းမကပ်နိုင်ဘူး သူ့Systemကငါ့ကို ရိပ်မိသွားနိုင်တယ်"

Let's destroy the systemМесто, где живут истории. Откройте их для себя