Chapter-40(Arc-3)

4.3K 514 13
                                    

[Unicode]

Zombie World

Ryuu သူ့ရှေ့မှ စွန့်စားသူ သုံးယောက်ကို သတိအနေအထားနဲ့ ကြည့်မိလိုက်သည်။

သူတို့ မိတ်ဆက်နေတာတွေကို စိတ်ဝင်မစားပဲ Maxနဲ့ စကားပြောဖို့သာ စိတ်ကူးလိုက်တယ်။

"အရင်တခါတုန်းက သူတို့မပေါ်လာဘူး"

"ငါလည်း စစ်ကြည့်နေတယ်၊Systemက သတိထားမိနေပုံတော့ မရဘူး"

Maxရဲ့ စကားကြောင့် Ryuu ဘာကြောင့်လဲဆိုတာ စဉ်းစားနေရင်း သူ့ရှေ့က သုံးယောက်ကို စိုက်ကြည့်နေလိုက်တယ်။

'လေအေးတွေ တိုက်နေတာလား၊ချမ်းစိမ့်စိမ့်ကြီး'
အငယ်ကောင်က အကြီးကောင်နားကို ကပ်ပြောလိုက်တော့

'လေအေးတိုက်ရင် ထတောင် ကလိုက်အုန်းမယ်၊အခုက လေစိမ်းတိုက်နေတာ လေစိမ်း'
ပြောလည်းပြော တံတောင်နဲ့တွတ်လိုက်ပြီး ခေါင်းဆောင်ဘက်ကို ကြည့်ရန် အချက်ပြတော့ အငယ်ကောင် ခေါင်းဆောင်ကို ကြည့်လိုက်တယ်။

စူးရှတဲ့ မျက်လုံးတွေက ဒေါသရိပ်ယောင်..သဝန်တိုနေတဲ့ လက္ခဏာမျိူးနဲ့ သူ့ရင်ခွင်ထဲက Ryuuကို စိုက်ကြည့်နေတာ ပေါက်ထွက်မတတ်။

တွန့်ချိူးနေတဲ့ မျက်ခုံးတို့ကအစ Ryuuက စွန့်စားသူ သုံးယောက်ကို စိုက်ကြည့်နေတာ သဘောမကျမှန်း အသိအသာ။

Simonနဲ့ Samက လူသုံးယောက်ကို စစ်ဆေးမေးမြန်းနေပြီး ကျန်တဲ့လူတွေကတော့ ရှာလကာရည်သောက်နေတဲ့ သူတို့ခေါင်းဆောင်ကြောင့် တုတ်တုတ်မလှုပ်ရဲ။

'Baby...ကြည့်လို့ ဝပြီလား'
မေးကို လက်ချောင်းတို့နဲ့ ဆွဲမော့စေပြီး အံကြိတ်ထားတဲ့ အသံတို့နဲ့ ကောင်လေးကို မေးလိုက်သည်။

ကြည်လင်နေတဲ့ မျက်ဝန်းတို့က သူ့မှာ အပြစ်မရှိသလိုပဲ...ပုတ်ခတ်ပုတ်ခတ်ဖြစ်နေတဲ့ မျက်တောင်တွေကို ကြည့်ရင်း မနေနိုင် ကောက်နမ်းလိုက်တယ်။

'သူတို့က ဘာလို့ အဲ့လောက် ရုပ်ဆိုးတာလဲ ကြည့်နေတာ'

'....'

'စိတ်မဆိုးနဲ့တော့ ကျွန်တော်လည်း ဆက်မကြည့်တော့ဘူး၊သူတို့ကို ကြည့်တာ မျက်စိပျက်တော့မယ်တောင် ခံစားရတယ်'
Reiနဲ့ မျက်နှာချင်းဆိုင် ပြန်ထိုင်လိုက်ရင်း မော့နမ်းလိုက်သည်။သူ့အသဲတုံးလေးကို နမ်းရတာက ဘာဘာနဲ့မှ မလဲနိုင်။

Let's destroy the systemWhere stories live. Discover now