Chapter-24(Arc-2)

4.7K 594 19
                                    

[Unicode]

Entertainment Life.......

'ဒီတော့ မင်းဘာသာမင်း ကိုယ့်အခန်းထဲကို ဝင်လာတာနော်'
အခန်းတံခါးကို ပိတ်လိုက်ရင်း လိုဂန် လူယုတ်မာအပြုံးနဲ့ပြောလိုက်တယ်၊မျက်လုံးလေးပြူး အံဩသွားတဲ့ ခရစ်က ဘာအတွေးပေါက်သွားလဲမသိ၊တစ်ကိုယ်လုံးနီရဲလာတာ ခရမ်းချဉ်သီးတစ်လုံးလိုပင်။

'ဘာအကြောင်း ပြောမလို့လဲ'

'အေးဂျင့်က ဟဲကတ်စ်ကိုဖုန်းဆက်လာတယ်၊ကျွန်တော့်က အကိုလက်အောက်ရောက်သွားပြီလို့ ပြောလာတယ်'

'အင်း ဟုတ်တယ်၊ဘယ်သူမှမင်းကိုမပေးချင်လို့ ငါယူထားလိုက်တာ၊ဘာလို့လဲဆိုတော့ မင်းကငါ့ရဲ့ ချစ်...'

တင်းတောင်!တင်းတောင်း!တင်းတောင်!
အဆက်မပျက်မြည်လာတဲ့ တံခါးဘဲလ်သံကြောင့် ရန်ရွှယ် စိတ်ပျက်မိတယ်၊ဘယ်ကောင်က အလိုက်မသိရောက်လာတာလဲ။

'ခဏလေး ငါသွားမောင်းထုတ်အုန်းမယ်'
စိတ်နောက်ကိုယ်ပါစွာနဲ့ တံခါးဆီကို အမြန်လျှောက်သွားပြီး တံခါးဖွင့်ကြည့်လိုက်တယ်။

'အခုချက်ချင်းပြန်...'

'လိုဂန်!မင်းကို လွမ်းနေတာ မင်းကငါ့ဆီတောင်လာမတွေ့ဘူး'
တောက်တဲ့လို လာဖက်ပြီးပြန်မလွှတ်တဲ့ မက်ဒရူးကြောင့် ရန်ရွှယ် စကားကိုအဆုံးထိမပြောလိုက်ရ။မက်ဒရူးတစ်ယောက်တည်းသာမဟုတ် တံခါးဝမှာရပ်နေသေးတဲ့ ဟဲကတ်စ်ပါရှိနေသေးတယ်။

နောက်ထပ်စကားတစ်ခွန်းမဆိုရသေးချိန်မှာပဲ ရန်ရွှယ်နဲ့မက်ဒရူးက တစ်ယောက်ယောက်ရဲ့ ဆွဲခွါခြင်းကိုခံလိုက်ရတယ်။ဘယ်သူလဲဆိုတာ ကြည့်မိတော့ အလိုမကျတဲ့မျက်လုံးတွေနဲ့ မက်ဒရူးကိုစိုက်ကြည့်နေတဲ့ ခရစ်။

ပုံမှန်ဆို ခရစ်က သိမ်မွေ့တတ်ပေမယ့် အခုသူတို့နှစ်ယောက်ကို ဆွဲခွါရာမှာ အားပင်သိပ်မထည့်လိုက်ရ။မက်ဒရူးကို ဘေးဖယ်ပြီး ခရစ်ကအခုထိ ရန်ရွှယ်လက်ကို ကိုင်ထားတုန်း။

'ခရစ်'
ရန်ရွှယ်က လှမ်းခေါ်တော့ အလိုမကျ ဒေါသဖြစ်နေတဲ့မျက်ဝန်းတွေက ချက်ချင်းကို ပိုင်ဆိုင်လိုစိတ်ပြင်းပြနေတဲ့ အချစ်မျက်ဝန်းတွေဖြစ်လာတယ်။

Let's destroy the systemTempat cerita menjadi hidup. Temukan sekarang