Chapter-52(Arc-4)

3.5K 443 30
                                    

[UNICODE]

[CROSSDRESSER]

တရွေ့ရွေ့သွားနေတဲ့ ကားပေါ်မှာ ကားမောင်းနေသူက စိတ်လှုပ်ရှားနေပုံရကာ ဘေးတစ်ဖက်မှ ကောင်လေးကတော့ လောကကြီးနဲ့အဆက်အသွယ် ဖြတ်နေသယောင် အိပ်ရင်းလိုက်လာခဲ့သည်။

စိတ်လှုပ်ရှားနေပုံရသော ကောင်မလေးက လမ်းဆုံနှစ်ခုကို ရောက်လာသောအခါ ပင်လယ်ဘက်သို့ ညွှန်ပြထားသော ဆိုင်းဘုတ်နဲ့ဆန့်ကျင်လျက် သစ်တောဘက်ကို ဦးတည်သွားလိုက်သည်။

ထိုကားကို နောက်ယောင်ခံလိုက်နေသော ကားပိုင်ရှင်သည်လည်း ကားရဲ့ဦးတည်ချက်ကို မြင်လိုက်ရတဲ့အခါ မျက်ခုံးတွန့်ချိူးသွားရသည်။

သစ်တော?ဘာလုပ်ဖို့လဲ....Campထိုးဖို့လား?မဖြစ်သင့်ဘူးလေ၊အကျီမပါပဲ ရေကစားနေမယ့် ကောင်လေးကိုပဲမြင်ချင်တာ၊အင်းဆက်တွေ ရန်ကကာကွယ်ဖို့ လုံလုံခြုံခြုံဝတ်ထားမယ့် ကောင်လေးကို မဟုတ်ဘူး။

နေပါအုန်း.....ငါလည်း မတော်တဆသူတို့နဲ့ တွေ့သလိုလုပ်လိုက်ရင် ကောင်လေးနဲ့ အတူတူအိပ်ရလောက်လား ....

အတူတူ အိပ်တာကို စိတ်ကူးယဥ်ကြည့်ရင်း နောက်ပိုင်းတွေက ၁၈ယောက်အထက် ဖြစ်ပေါ်လာလို့ ဘေးမှ တစ်ရှူးနဲ့ စီးကျလာတဲ့ နှာခေါင်းသွေယတွေကို သုတ်လိုက်သည်။

သုတ်ထားတဲ့ တစ်ရှူးကို ဘေးထိုင်ခုံပေါ်လှမ်းပြစ်လိုက်သည်။ကားပေါ်တွင် တစ်ခြားသူတစ်ယောက်ရှိနေပါက ဘေးထိုင်ခုံရှိ သွေးတွေပေရေနေသော တစ်ရှူးများကြောင့် သူ့ကို ရောဂါတစ်ခုခု ရှိနေသည်လို့ ထင်သွားလောက်သည်။

အချက်ပြစနစ်အရ ကောင်လေးရဲ့ ကားက ရပ်သွားပြီဖြစ်ရာ ကောင်လေးဆီရောက်ဖို့ ၁၅မိနစ်လောက်သာ မောင်းရမည်ဖြစ်သည်။

နီးကပ်လာလေ ဘယ်လိုနှုတ်ဆက်ရမလဲတွေးကာ ကားကိုခဏရပ်ရင်း မှန်မှတစ်ဆင့် စိတ်တိုင်းကျတဲ့အထိ ပြင်ဆင်လိုက်ရင်း အဆင်ပြေပြီဆိုမှ ကားကို ဆက်မောင်းလာခဲ့သည်။

"ဘယ်ချိန်ထိ အိပ်ချင်ယောင်ဆောင်နေမှာလဲ"

"ဇာတ်လိုက်မပြင်ဆင်ပြီးသွားရင် ငါ့ကို နှိုးမှာပေါ့ဘာလို့လောနေတာလဲ"

Let's destroy the systemWhere stories live. Discover now