[Unicode]
Zombie World
RyuuကMaxနဲ့စကားများရင်း နေရာစုံလျှောက်ပတ်နေတာပင်၊နောက်ကတစ်ကောက်ကောက်လိုက်ရတဲ့ Zenက Ryuuကို ပိုပြီးကြည့်မရ။လက်ထိပ်တကားကားနဲ့ လျှောက်သွားနေတာ...
'Zen!မင်းကိုပြောစရာရှိလို့'
အဖွဲ့ထဲက အမွှာနှစ်ကောင် သူ့ကိုစကားလာပြောတော့ သူလည်း ပြန်ပြောနေလိုက်တယ်၊Ryuuကို သတိရပြီး ကြည့်လိုက်တော့ မရှိတော့။'သေစမ်းကွာ၊မင်းတို့ကောင်တွေကြောင့်'
'ငါတို့က ဘာလုပ်လို့လဲ'
'ဟိုကောင့်ကို မတွေ့တော့ဘူး'
'ဘယ်သူလဲ ရှေ့က ထွက်သွားတဲ့ Ryuuဆိုတဲ့ အပြစ်သားလား'
အငယ်ကောင်ကမေးတော့'အေး၊ငါ သူ့ကို လိုက်စောင့်ကြည့်နေတာ'
'စောစောက ပြောပါလား၊မင်းတာဝန်ချိန်ဆို ငါတို့လာစကားများပါ့မလား'
အကြီးကဝင်ပြောရင်း'ငါတို့ပါ ကူရှာပေးမယ်'
အမွှာနှစ်ယောက်နဲ့Zenက Ryuuရှာပုံတော်ဖွင့်နေချိန် Ryuuကတော့ အေးဆေးသက်သောင့်သက်သာ လျှောက်ကြည့်နေတယ်။"Zenက မင်းကို လိုက်ရှာနေတယ်"
"လွှတ်ထားလိုက်"
"မင်းနဲ့ နည်းနည်းအကွာမှာ Samရှိတယ်"
Maxစကားကြောင့် ခြေလှမ်းတို့က ရပ်သွားပြီး"Zenကရော ဘယ်မှာလဲ"
"မင်းဆီရောက်ဖို့ ၁၀မိနစ်လောက်ပဲ ကြာမယ်"
Maxရဲ့ သတိပေးသံကြောင့် အတွေးပေါက်လာတော့ Samဆီပဲ တည့်ဦးတည်သွားလိုက်တယ်၊Samက သူ့ကိုမြင်တော့ နှစ်ယောက်တည်း စကားပြောဖို့ အချက်ပြတယ်။သဘောတူစွာနဲ့ Samခေါ်ရာနောက်ကို လိုက်သွားရင်း
"Zenကို ဒီနားရောက်အောင် တနည်းနည်းနဲ့မျှားခေါ်ပေး""Zen သိအောင်လုပ်မလို့လား"
"ဘာပဲဖြစ်ဖြစ် Samရဲ့ မျက်နှာဖုံးကို ခွါချရမှာပဲလေ"
"ကောင်းပြီ၊၅မိနစ်အချိန်ပေး"
"အင်း"
Samနဲ့Ryuuနှစ်ယောက်တည်းရှိတဲ့ လမ်းကြားထဲရောက်တော့ Samရဲ့ ကြင်နာတတ်တဲ့မျက်နှာက ကောက်ကျစ်တဲ့မျက်နှာသို့ပြောင်းသွားတယ်။
YOU ARE READING
Let's destroy the system
Romance'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'