Chapter-35(Arc-3)

4.3K 515 12
                                    

[Unicode]

Zombie World

'ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား'
Rei Ryuuကိုအဖျားတိုင်းဖို့ နဖူးဆီလက်လှမ်းလိုက် Ryuuကရှောင်ဖယ်လိုက်တယ်။

Reiအံ့ဩသွားပြီ၊သူ့Babyလေးက သူ့ကိုရှောင်ဖယ်လိုက်တာ ဒါပထမဆုံးမလား။

'ဘာမှမဖြစ်ဘူး၊ကျွန်တော့်အတွက် သက်တော်စောင့် ထားထားမယ်ဆို ဘယ်သူလဲ'

'အဲ့တာက Zenလေ၊စိတ်မပူပါနဲ့ ကိုယ်ကလည်းအမြဲ မင်းနားမှာရှိမှာ'

Babyလေးကို ဖက်ဖို့ကြံရွယ်လိုက်တော့ ဟိုကလက်မခံနိုင်စွာ ရှောင်တိမ်းလိုက်တယ်။

'Baby!'

'Sorry ကျွန်တော် မျက်နှာမသစ်ရသေးလို့ ညစ်ပတ်နေတုန်း သွားသစ်လိုက်အုန်းမယ်'
ရုတ်တရက်ကြီး ရှောင်ထွက်သွားတဲ့ Babyကြောင့် သူလုံးဝအဆင်မပြေ။အရင်နှစ်ရက်လုံးလုံး ညစ်ပတ်နေရင်တောင် သူကနားက မခွါတဲ့Babyက ဘယ်လိုဖြစ်သွားတာလဲ။

သူအပြစ်တစ်ခုခု လုပ်ထားမိလား၊သူစဉ်းစားမရ။မျက်နှာသစ်ပြီး ပြန်ထွက်လာတဲ့ Babyဆီသွားပြီး လက်နှစ်ဖက်ကို ကိုင်ကာ

'Baby မင်းကိုယ့်ကို စိတ်ဆိုးနေတာလား၊
ကိုယ်အပြစ်လုပ်ထားလို့မလား၊
မနက်က မင်းနိုးတော့ ကိုယ်မရှိတာကို ခွင့်လွှတ်ပါကွာ စစ်တပ်အတွက် ပြင်ဆင်ပေးနေရလို့ပါ။
ဒါမဟုတ်Zenကြောင့်လား Zenကိုမကြိုက်ရင်လည်း မလုပ်ခိုင်းတော့ဘူးလေ နော်..စိတ်မဆိုးနဲ့၊ဘာပဲဖြစ်ဖြစ် ကိုယ်တောင်းပန်တယ်...နော် ဟုတ်ပြီလား'

'ခင်ဗျား ဘာအမှားမှ မလုပ်ထားပါဘူး'
မျက်လုံးလွှဲလျက် Babyကပြန်ဖြေလာတော့ မနေနိုင်စွာ babyပုခုံးပေါ် မျက်နှာအပ်မိတယ်။

'Babyလိမ်နေတာ၊ကိုယ်တစ်ခုခု အမှားလုပ်ထားတယ်၊ဒါပေမယ့် ဘာမှားနေလဲ ကိုယ်မသိဘူး။မင်းမကြိုက်တာရှိရင် ပြင်ပါ့မယ်။မင်းလိုချင်တာလည်း ရအောင်လုပ်ပေးပါ့မယ်၊ကိုယ်တောင်းပန်ပါတယ်ကွာ'

ရင်ခွင်မှီအရပ်လိုဖြစ်နေတဲ့ သူ့အရပ်ကြောင့်Reiက ကိုယ်ကို ကိုင်းထားပြီး သူ့ပုခုံးပေါ် ခေါင်းတင်ထားတာ၊စိုစွတ်လာတဲ့ ပုခုံးကြောင့် Reiမျက်ရည်ကျလာမှန်း သူသိလိုက်တယ်။
(မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေပြီး Reiက Ryuuရဲ့လက်တွေကိုကိုင်ထားပြီး ပုခုံးပေါ်ကို မျက်နှာအပ်ထားတာနော်၊မျက်လုံးထဲမမြင်မှာဆိုးလို့ပါ)

Let's destroy the systemWo Geschichten leben. Entdecke jetzt