Chapter-10(Arc-1)

5.3K 596 8
                                    

[Unicode]

School Life......

ကပွဲပြီး နောက်တစ်ရက်က ပိတ်ရက်ဖြစ်တဲ့အတွက် ရန်ရွှယ် နေ့ခင်း၁၁နာရီလောက်ထိ အိပ်နေမိတယ်

တီ~~~(ဖုန်းသံ)
မျက်စိမှိတ်လျက် ဖုန်းရှိရာနေရာကို လက်နဲ့စမ်းပြီးယူလိုက်တယ်။

'ဟယ်လို~'

'ထတော့'

'အင်း...၃မိနစ်....'

'ကိုယ် ခြံရှေ့နားရောက်နေပြီ၊ထွက်ခဲ့တော့'

'ဟင်!လာပြီ လာပြီ ခဏလေးစောင့်၊၁၅မိနစ်ပဲ'

'ကောင်းပြီ'
ရန်ရွှယ် မြန်မြန်အိပ်ယာထကာ အပြင်သွားဖို့ တက်ကြွစွာပြင်တော့တယ်။

"Max ဇာတ်လိုက်တို့ အခြေအနေ ဘယ်လိုလဲ"

"မနေ့က လင်းဟန် ဟန်းအာကို အိမ်ပြန်ပို့ပေးတယ်၊နင်းနင်းကတော့ အကြောင်းစုံသိသွားပြီ၊ပေါက်ကွဲနေတယ်"

"ဒါဆို တစ်ဆင့်ထပ်တက်ရတော့မှာပေါ့၊ဟန်းအာကို သတိထားစောင့်ကြည့်ပေး မကြာခင် နင်းနင်းက လုပ်ကြံတော့မှာ"

"ကောင်းပြီ"

"Okငါတော့ သွားDateပြီ၊Faကောင်လေး အလုပ်ကြိုးစားလိုက်အုန်း"

"......"
###########
ပိတ်ရက်မှာ ရန်ရွှယ် ဝူကျိနဲ့သာ အချိန်တွေကို ဖြုန်းနေလိုင်တယ်...အင်း..ဒီကမ္ဘာမှာနေရတာ ပျင်းစရာမကောင်းတော့ဘူး၊ထိုလူကလည်း သူ့ကိုချစ်သလို အရမ်းလည်းအလိုလိုက်တယ်၊Missionပြီးရင် ဒီလူနဲ့ ခွဲသွားရဖို့ ဝမ်းနည်းမိသား..

ကျောင်းတက်ရက်ရောက်တော့ သတင်းထူးတစ်ပုဒ်က နေရာတိုင်းမှာ ကြားရတယ်၊လင်းဟန်ဆိုတာ မြို့တော်Aက အချမ်းသာဆုံး လင်းမိသားစုရဲ့ အမွေဆက်ခံသူဖြစ်ကြောင်း၊နေရာတိုင်းမှာ နင်းနင်းနဲ့လင်းဟန်က ဘယ်လိုလိုက်ဖက်ကြောင်း ပြောသံတွေကြားရတယ်၊

'ဟဲ့ ဟိုမှာ လင်းဟန်မလား၊သူ့ဘေးက ဘယ်သူလဲ'

'နင်းနင်းမဟုတ်တာတော့ သေချာတယ်၊သူတို့ လက်တွဲပြီးလာနေကြတာနော်'

'အေး လင်းဟန်နဲ့ နင်းနင်းက တွဲနေကြတာမဟုတ်ဘူးလား'

'ဘယ်လိုဖြစ်ကုန်တာလဲ?'
လင်းဟန်နဲ့ဟန်းအာ လက်တွဲပြီး ကျောင်းထဲ ဝင်လာတော့ ပွက်လောတွေရိုက်ကုန်တယ်၊

Let's destroy the systemWhere stories live. Discover now