Chapter-27(Arc-2)

4.8K 531 12
                                    

[Unicode]

Entertainment Life.....

မက်ဒရူး တကိုယ်လုံးကိုက်ခဲစွာနဲ့ နိုးလာတယ်၊သူ့ကိုယ်တစ်ခုလုံး သံရိုက်ထားသလိုပဲ။အဓိကနာနေတာက သူ့အနောက်ပိုင်း၊ဘာတွေ ဖြစ်မှန်းသေချာမသိသေးခင် ဘေးမှာ အသက်ရှူသံကြားလို့ကြည့်လိုက်မိရာ ကောင်းကောင်းအိပ်ပျော်နေတဲ့ ဟဲကတ်စ်။

အဝတ်မဝတ်ထားတဲ့ ဟဲကတ်စ်ကိုကြည့်လိုက်ရင်း အလားတူ သူလည်းအဝတ်မဝတ်ထားမှန်းသိတယ်။သေချာတယ်....တစ်ခုခုမှားနေပြီ။

ဘေးက လှုပ်လှုပ်ဖြစ်နေလို့ အအိပ်ဆက်တဲ့ ဟဲကတ်စ်လည်းနိုးလာတယ်။အံ့ဩနေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကိုကြည့်လိုက် ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်လုပ်နေတဲ့ မက်ဒရူးနဲ့ မျက်လုံးချင်းစုံတော့...

အား!!!!!!!!

ပြိုင်တူအော်လိုက်မိရင်း မက်ဒရူးစောင်ကို ဆွဲကာ ဟဲကတ်စ်ကို ကန်လိုက်တယ်၊ရလဒ်အနေနဲ့ သူ့အနောက်ပိုင်းက ပိုပြီးနာကျင်လာခြင်း။

ဘာလို့ ဒီလိုဖြစ်လဲ စဉ်းစားရင်း မနေ့ညကအကြောင်းကို သတိရသွားတယ်။

ခရစ်ရှိုးပွဲအပြီး....

အပြင်ဘက်မှာ ရပ်စောင့်နေတဲ့ သတင်းထောက်တွေကို ရှင်းထုတ်ပြီး ဟဲကတ်စ် အိမ်ပြန်ဖို့ပြင်လိုက်တယ်။ရုတ်တရက် မက်ဒရူးက သူ့ပုခုံးကိုလာဖက်ရင်း

'ငါနဲ့လိုက်စမ်းပါ၊ငါ့ဂျူနီယာတွေက ငါနဲ့သောက်ဖို့ဖိတ်နေလို့'

'မင်းဂျူနီယာဖိတ်တာ ငါကဘာလို့ လိုက်ရမှာလဲ၊မင်းနဲ့ အေးဂျင့်ချင်းတူတာတောင်မဟုတ်ဘူး'
ပုခုံးပေါ်က လက်ကို ဖယ်လိုက်တော့ မက်ဒရူးက အရှက်မရှိစွာ ပြန်ဖက်လိုက်တယ်။

'ငါသူတို့နဲ့ သိပ်မသိဘူး၊ဟိုတစ်ခါ ငါအကူညီလိုတုန်းက ငါ့ကိုကူညီပေးထားလို့ အခုသူတို့ခေါ်တာ မသွားလို့မကောင်းဘူး၊ငါလည်းအကြာကြီးမနေချင်ဘူး မင်းပါတော့ မင်းကိုကာဗာယူပြီး စောစောပြန်လို့ရတယ်'

'မလိုက်ဘူး၊မင်း လက်ထောက်ကိုပဲ ခေါ်သွား'

'သူကမအားဘူး၊မင်းပဲလိုက်ခဲ့'
ရုတ်တရက်အားနဲ့ ဆွဲခေါ်လိုက်ပြီး ကားထဲထည့်လိုက်တယ်၊ကားပေါ်က ပြန်ဆင်းသွားမှာဆိုးလို့ ကားမောင်းတဲ့နေရာမှာမြန်မြန်ဝင်ထိုင်ရင်း မောင်းထွက်လိုက်တယ်။

Let's destroy the systemTempat cerita menjadi hidup. Temukan sekarang