Chapter-3(Arc-1)

6K 638 11
                                    

[Unicode]

School Life.....

'ရန်ရွှယ်  ရန်ရွှယ် ထတော့လေ၊ကျောင်းတက်နေပြီ'
အိပ်ချင်မူးတူးနဲ့ ဘေးကိုကြည့်လိုက်တော့ ဇာတ်လိုက်မ ဟန်းအာ၊ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သလို ထိုင်ခုံဖော်လည်းဖြစ်တယ်

'ကျောင်းတောင် တက်ပြီလား၊မြန်လိုက်တာ'

'အိပ်ရေးမဝသေးဘူးလား၊နေမကောင်းလို့လား၊အရင်ကဆို နင်အိပ်လေ့မရှိပါဘူး'

'ဘာမှမဖြစ်ပါဘူး၊ဒီရက်ပိုင်း အိပ်ရေးပျက်သွားလို့ပါ'

'အော်..နင် လင်းဟန်ကို ပို့ပြီးပြီလား'

'အင်း ပို့ပြီးပြီ'

"ချက်ချင်းကို မျက်တောင်မခပ်ပဲ လိမ်နိုင်တယ်"

"အတွေ့အကြုံရင့်နေပြီ"

'ဒါဆိုလည်း ကျေးဇူးပဲဟာ၊ဒါက မနက်ဖြန် ပို့ပေးဖို့အတွက်'

'နင်အမြဲဒီလို ငါပဲပို့ပေးရတော့မှာလား၊သူက ငါဆိုပြီး အထင်လွဲသွားရင် ဘယ်လိုလုပ်မလဲ'

'ငါ..ငါလည်း ပို့ချင်ပါတယ်၊အခုထိ မပို့ရဲသေးလို့'

'ထားပါ၊ငါ ဒီဒုတိယနှစ်ထိပဲ ပို့ပေးမှာ၊နောက်ဆုံးနှစ်ကျ နင်ကိုယ်တိုင်သွားပို့ရမယ် မဟုတ်ရင် ငါသူ့ကိုသွားပြောပြမှာ'

'အဲ့..အဲ့လိုတော့ မလုပ်ပါနဲ့ သူငယ်ချင်းကလည်း၊ငါ ကြိုးစားကြည့်ပါအုန်းမယ် နော် နော်'
မျက်လုံးလေး ပေကလပ်ပေကလပ် လုပ်ပြနေသော ဇာတ်လိုက်မအား

'အေးပါ ပြီးတာပဲ၊အခုတော့အတန်းတက်လည်း ငါခိုးအိပ်အုန်းမယ် ဆရာလာရင် သတိပေး'

'Yes Sir!'
အလေးပြုသလို လုပ်ပြတဲ့ ဇာတ်လိုက်မကြောင့် ရန်ရွှယ်ပြုံးမိတယ်၊ဇာတ်လိုက်မဆိုတာ ဒီလိုမျိူး ချစ်ဖို့ကောင်းနေရမယ်လေ သူတွေ့ဖူးတဲ့ ဇာတ်လိုက်မတွေတိုင်းက ကြာပန်းဖြူတွေကြီးပဲ

"ချီးထုပ် Systemတွေ"

"......"
###########
'ထူးဆန်းတယ်'

'ဘာတွေ ထူးဆန်းနေတာလဲ'

'မရှိဘူး စာလည်းမရှိဘူး၊မုန့်လည်းမရှိဘူး'

Let's destroy the systemHikayelerin yaşadığı yer. Şimdi keşfedin