Chapter-44(Arc-4)[Crossdresser]

4.8K 465 9
                                    

[Unicode]

[Crossdresser]

"နာမည်ရင်း : ရန်ရွှယ်
Nickname : Y
အသက်- 25
သေဆုံးရသောအကြောင်းအရင်း : ကားတိုက်မှု
Mission ပြီးဆုံးမှု : 3/10
အရည်အချင်း : မရေတွက်နိုင်
အတွေ့အကြုံ : တိုင်တာမရ
နောက်ကမ္ဘာသို့ သွားမည်လား"

"အင်း"
Ryuuရဲ့ ရုတ်တရက်သေဆုံးမှုကို ဘယ်သူမှ အဖြေမထုတ်နိုင်ခဲ့၊နောက်ဆုံး ကိုယ့်ကိုကိုယ်သတ်သေမှုဖြင့် အမှုကိုပိတ်ခဲ့သည်။

Ryuuရဲ့ အလောင်းကို သဂြိုလ်ပြီးတဲ့အချိန်မှာပဲ Reiက ပျောက်သွားခဲ့ကာ တချိူ့ကတော့ Reiကို သဂြိုလ်စက်အနီးမှာ တွေ့လိုက်သည်လို့ ဆိုကြတယ်။

ရန်ရွှယ် ပြန်နိုးထလာတော့ သူခံစားမိလိုက်တာက သူ့ရင်ဘတ်လေးလံနေသလိုပဲ။

မျက်စိရှေ့ရှိ အလှပြင်ခုံမှ မှန်ကနေတဆင့် သူပုံစံက မိန်းကလေးလိုဖြစ်နေတာ သူမြင်လိုက်ရတယ်။

ရင်ဘက်ကို အမြန်စမ်းကြည့်ရင်း ပေါင်မုန့်တွေဖြစ်တော့မှ အသက်ရှူနိုင်တော့သည်။

"Max ငါဘာလို့ မိန်းကလေးလိုဖြစ်နေတာလဲ"

"ဇာတ်ကြောင်းပို့ပေးမယ်"

ဇာတ်လမ်းက BLဇာတ်လမ်းတစ်ပုဒ်ပင်၊မိန်းကလေးလို ဝတ်စားရတာ သဘောကျတဲ့ Food blogger ကောင်လေးတစ်ယောက်နဲ့ မိန်းကလေးအမှတ်နဲ့ ကောင်လေးကိုစွဲလမ်းသွားတဲ့ စီနီယာတစ်ယောက်အကြောင်း။

Keiလို့ခေါ်တဲ့ အနုပညာအထူးပြုပထမနှစ် ကောင်လေးရဲ့ လူသိမခံတဲ့ လျှို့ဝှက်ချက်က မိန်းကလေးလိုဝတ်ရတာ သဘောကျတာပင်။

Keiက နာမည်ကြီး Food Bloggerတစ်ယောက်၊ဒါပေမယ့် လူတိုင်းသိသည့်အချက်က Keiရဲ့အမွှာအမဖြစ်သူ Kiraကသာ နာမည်ကြီး Food Bloggerတစ်ယောက်ဖြစ်သည်ဟု။

Kiraပုံစံ ဟန်ဆောင်ကာ Keiက အမြဲတမ်း ဝတ်စားတတ်သည်။နောက်ပိုင်း စီနီယာအကိုဖြစ်သူ Darenက Keiရဲ့ပုံစံအမှန်ကိုသိသွားပြီး တဖြည်းဖြည်း ချစ်ကြိုက်သွားကြသည်။

ပျော်ရွှင်စရာဇာတ်သိမ်းက Kiraကိုယ်ထဲ Systemရဲ့ ကြာပန်းဖြူဇာတ်လိုက်မ မရောက်လာခင်ထိပဲ။

ဇာတ်လိုက်မ ရောက်လာတဲ့အတွက် ကွေးတော့မယ့် သံကို မကွေးခင်အချိန်မှီ မြူဆွယ်ပြီး Normalဇာတ်လမ်းအဖြစ် ပြောင်းခဲ့တယ်။

Let's destroy the systemHikayelerin yaşadığı yer. Şimdi keşfedin