[Unicode]
[Crossdresser]
Zeyrnရဲ့ ပေါ်ထွက်လာမှုက Kiraရဲ့ Darenအပေါ် အာရုံစိုက်မှုကို လျော့ပါးစေတယ်။သူမက သူများရဲ့ ပိုင်ဆိုင်မှုကိုပဲ သဘောကျတတ်တဲ့လူပဲလေ။
Darenနား အရင်လို မကပ်တွယ်တော့ပဲ Zeyrnရဲ့ အာရုံစိုက်မှု ရရှိရန် ကြိုးစားဖို့ကြံရွယ်နေတယ်။
'Kira ကိုယ်နဲ့ အပြင်သွားမယ်လေ'
'Kiraဒီနေ့ အိမ်ပဲပြန်တော့မယ်၊နောက်မှ ကိုနဲ့ပဲလိုက်ခဲ့မယ်'
ရုတ်တရက်သူ့ကိုမကပ်တွယ်တော့တဲ့ Kiraကို မျက်လုံးပင့်ကြည့်လိုက်မိတယ်။
'ဟုတ်ပါပြီ၊Kiraသဘော'
သူမရဲ့ ခေါင်းကိုပွတ်သပ်ပေးတဲ့ Darenကို အာရုံစိုက်မအား၊Keiထက်အရင် အိမ်ပြန်ပြီး Zeyrnဆီ ချဉ်းကပ်ဖို့သာ စိတ်လောနေမိသည်။Darenဘေးက အငွေ့အသက်တွေ ရုတ်ချည်းအေးစက်သွားတာ သူမမရိပ်မိခဲ့။"Daren Kiraအပေါ် မနှစ်သက်မှု10%"
"ဇာတ်လိုက်မက ပြောင်းလဲလာပြီလား"
"ဖြစ်နိုင်တယ်၊Darenနဲ့ မပြန်တော့ပဲ၊အိမ်ပဲပြန်ဖို့ကြံစည်နေတာ"
"ဟက်!အပြောင်းအလဲလည်း မြန်ပါ့"
"ဘယ်လိုလုပ်မှာလဲ"
"ဘာမှမလုပ်ဘူး၊ပွဲပဲကြည့်မှာ"
"ဘာကိုပြောချင်တာလဲ"
"ဇာတ်လိုက်ဆိုတဲ့အမျိူးက မာနကြီးတဲ့အမျိူး၊Kiraက သူ့ကိုကျော်ခွပြီး နောက်လူရွေးသွားတာကို ရပ်ကြည့်နေမယ့်လူစားမျိူးလား"
"ဒါဆို မင်းက Zeyrnနားကို ကပ်ခွင့်ပေးလိုက်မယ်ပေါ့"
"အဲ့သဘောပဲပေါ့၊ဘယ်လိုပဲဖြစ်ဖြစ် သူကKiraကို အနားကပ်ခွင့်ပေးမယ်ထင်လို့လား"
"မထင်ဘူး"
"အဲ့တာပဲလေ၊ငါကဒီတိုင်း သူတို့ကိုထိုင်ကြည့်ယုံပဲ"
"မင်းဇာတ် မင်းကနိုင်ရင် ပြီးတာပဲ"
"စိတ်မပူပါနဲ့"
"စိတ်မပူပါဘူး"
"စိတ်ပူနေတာပါ"
"စိတ်မပူဘူး"
"...."
"...."
"စိတ်ပူနေတာ"

KAMU SEDANG MEMBACA
Let's destroy the system
Romansa'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'