[Unicode]
Zombie World
Ryuuက သူတို့ဆီရောက်သွားတာနဲ့ Samကို လွှတ်ပေးလိုက်ဖို့ သူအချက်ပြလိုက်သည်။
Samကို Reiတို့ဆီ တွန်းလွှတ်လိုက်ရင်း လက်ပြနှုတ်ဆက်လိုက်ရင်း သွားဖို့ကို အချက်ပြလိုက်သည်။
Zekki အချက်ပြလိုက်သည်နဲ့ တစ်ဖွဲ့လုံးပတ်ဝန်းကျင်နားမှာ အမှောင်တွေ ဖုံးလွှမ်းသွားပြီး Zekkiတို့တဖွဲ့လုံးကို အမှောင်ထုက ဖုံးလွှမ်းသွားသည်။
'နေရာပြောင်းစွမ်းအင်!'
အာသာတို့ ပုန်းကွယ်စွမ်းအင်မဟုတ်ပဲ နေရာပြောင်းစွမ်းအင်မှန်း အခုမှသိလိုက်ရသည်။နေရာပြောင်းစွမ်းအင်ကလည်း ရှားပါးစွမ်းအင် တစ်မျိူးပဲမလား။
'ကျေးဇူးတင်ပါတယ် အကိုRei, Sam...Samဘဝတစ်လျှောက်လုံး အကို့ကျေးဇူးကိုမမေ့ပါဘူး'
Ryuuပါသွားသည်ကို ဘယ်လိုမှမခံစားရတဲ့အပြင် Reiကိုကြာပစ်နေတဲ့ Samကြောင့် Simonပိုပိုစိတ်ပျက်လာသည်။
Samကို စိတ်ပူနေခဲ့ပေမယ့် Ryuuကို ရန်သူ့ဘက်ဆီထည့်ပေးလိုက်တာ မဖြစ်သင့်ဘူး။
Reiနဲ့Ryuuကလည်း ကြိုက်နေသည်မလား..ဘာလို့ Reiက သူတို့ဆီ လိုက်သွားတာလဲ..ပြီးတော့ Ryuuပြောတဲ့ အပြစ်ပေးဆပ်တယ်ဆိုတာက ဘာလဲ?
ဒီနေရာမှာ အကုန်လုံး သိနေကြပြီး ဘာမှမသိတဲ့လူက သူလို့ခံစားနေရတယ်။
'အကို့စိတ်ကြိုက် ကျေးဇူးကြွေးကို ပြန်ဆပ်ပါ့မယ်'
စောစောက အသေအလဲငိုပြနေတာ သူမဟုတ်တဲ့အတိုင်း Reiကို မြူဆွယ်နေတာကို ဘေးကနေမကြည့်နိုင်တော့ပဲ အာသာဝင်တားလိုက်ရင်း
'Simonမင်းရဲ့လူကို မင်းလာထိန်း'
Simon စိတ်မရှည်စွာ Samကို ဆွဲခေါ်လိုက်ရင်း
'ခေါင်းဆောင် ဘာဆက်လုပ်မှာလဲ၊Ryuuက ပါသွားပြီ သူကအဓိကပဲလေ'
'လောလောဆယ် ဒီကထွက်မယ်၊ဇွန်ဘီတွေ အနံ့ရသွားပြီ'
Reiရဲ့ စကားကို အထွန့်မတက်တော့ပဲ ထွက်သွားဖို့ပြင်တော့သည်။"Simon Samအပေါ် မနှစ်သက်မှု50%"
"ဟက်!"
"Reiက မင်းအစား သူ့ကိုရွေးလိုက်တယ်ထင်နေတာ"
KAMU SEDANG MEMBACA
Let's destroy the system
Romansa'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'