Chapter-14(Arc-2)

4.9K 588 12
                                    

[Unicode]

Entertainment Life....

'ဝူကျိ...'
ဒီလူတဲ့ တစ်ပုံစံနဲ့ တူညီတဲ့ကောင်လေး...
မျက်မှန်မပါသည်ကလွဲရင် အကုန်နီးပါးဆင်တူနေတယ်၊ဒီလူ...မဖြစ်နိုင်ပေမယ့် အကယ်၍များ..အကယ်၍များ ဆိုရင်ရော...

မပြေးရုံတမယ် ငယ်ရွယ်ပုံပေါက်နေတဲ့ ကောင်လေးဆီသွားပြီး

'Mr.လိုဂန်!'
အနားရောက်တာနဲ့ အံဩတကြီး နှုတ်ဆက်နေတဲ့ လူ...

'ဟား..တကယ်တူတာပဲ'

'ဗျာ!'

'နာမည်ဘယ်လိုခေါ်လဲ'

'Mrလိုဂန်...ကျွန်တော်..ကျွန်တော့်နာမည်က ခရစ်ပါ'
နားရွက်တွေလည်ပင်းတွေနီရဲလာပြီး ခေါင်းငုံကာ ခရစ်ဆိုတဲ့ နာမည်ကို ပြောလာတယ်..

'အင်း ကိုယ့်နာမည်က လိုဂန်ပါ၊တွေ့ရတာ ဝမ်းသာပါတယ်'
နာမည်ကို မိတ်ဆက်ပြီး ညာဘက်လက်ကို ထုတ်ကာလက်ဆွဲနှုတ်ဆက်တော့ ခရစ်က သူ့လက်ကို လက်နှစ်ဖက်လုံးနဲ့ကိုင်ပြီး

'ဟုတ်..တွေ့ရတာဝမ်းသာပါတယ်'
ဘယ်ဘက်လက်ဖမိုးက မှဲ့ကိုကြည့်ကာ ရန်ရွှယ်ရဲ့ နှုတ်ခမ်းတွေ ကော့တက်လာတယ်..

'ကောင်းပြီ နောက်မှတွေ့ကြမယ်'
မျက်စိတစ်ဖက် မှိတ်ပြကာ အေးဂျင်ထဲမဝင်တော့ပဲ အိမ်ကိုသာ ပြန်လိုက်တော့တယ်

"Max အဲ့ကိစ္စ စုံစမ်းပေးနိုင်လား"

"သူ ဆိုတာသေချာလို့လား"

"သေချာတယ်၊အမြင်တွေကလည်း မမှားနိုင်သလို ခံစားချက်တွေကိုလည်း မလိမ်နိုင်ဘူးလေ"

"ဖြစ်နိုင်ချေက နှစ်ခုရှိတယ်၊ပထမတစ်ခုက ဇာတ်ကောင်က အသိစိတ်ရှိလာတာပဲ၊တစ်ချိူ့ကမ္ဘာတွေမှာ ဇာတ်လိုက်တွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးရင်း အသိစိတ်ရှိတဲ့ ဇာတ်ကောင်တွေအဖြစ် အသက်သွင်းမိသလိုပဲ၊ဒါက အဓိကဇာတ်လိုက်တွေမှာပဲ ဖြစ်လေ့ဖြစ်ထရှိတာ၊နောက်တစ်ခုက ငါ့လိုမျိူးပဲ"

"မင်းလိုမျိူး?ဘယ်လိုမျိူးလဲ နတ်ဘုရားလား"

"ဟုတ်တယ်၊နတ်ဘုရားတွေက systemတွေဖန်တီးလို့ ကမ္ဘာဆိုတာဖြစ်လာတာ၊ဒီတစ်ခုက ဖြစ်နိုင်ချေပိုများတယ်၊နတ်ဘုရားတွေက သဘောကျတဲ့ ကမ္ဘာတွေမှာ ဝိညာဉ်ခွဲထုတ်ပြီး ဝင်ကစားလို့ရတယ်"

Let's destroy the systemWhere stories live. Discover now