Chapter-20(Arc-2)

4.8K 545 9
                                    

[Unicode]

Entertainment Life.....

ရန်ရွှယ်ဂရုမစိုက်ပဲ ချန်ထားခဲ့တဲ့ လိုင်လာကတော့ လက်သီးဆုပ်ပြီး အံကြိတ်လျက်ကျန်ခဲ့တယ်၊ဘေးက အဲလစ်ကို တစ်ချက်ကြည့်ရင်း ဒီအမျိူးသား လိုဂန်ဟာ ဘာလို့ သူမကို ရှောင်ဖယ်နေရတာလဲ...

သူမက ဒီကမ္ဘာရဲ့မက်မောစရာကောင်းလှအောင် လှပတဲ့ အမျိူးသမီးတစ်ယောက်ပါပဲ၊ဒီလူက ဘာလို့သူမကို ပိုးဟပ်တစ်ကောင်လို ရှောင်ဖယ်နေတာလဲ သူမ နားမလည်။

မရနိုင်ရင် ပိုလိုချင်လာတာ လူ့သဘာဝပဲ၊သူမ လိုဂန်ကို လိုချင်တယ်၊သူမ ခြေဖျားအောက်မှာ ပြားပြားဝပ်နေတာကို မြင်ချင်တယ်

"လိုဂန်က တစ်ခုထူးဆန်းနေတယ်၊မင်းသတိထားပါ"

"ငါ့ကိုပြောစရာမလိုပါဘူး၊လိုဂန်လို အရာရာပြည့်စုံနေတဲ့လူက ဒီလိုမာနကြီးနေမှာ အသေအချာပဲ၊ဒါပေမယ့် မကြာခင် ငါ့လူဖြစ်လာမှာပါ"

"မင်းဘက်က ယုံကြည်ချက်ရှိရင် ငါ့ဘက်က ပြောစရာမရှိဘူး၊စည်းမျဉ်းအတိုင်းပဲ မင်းMissionကျဆုံးရင် ငါတို့Systemနဲ့ ဆက်သွယ်မှုက ပြီးဆုံးပြီ၊မင်းသေတာရှင်တာ ငါတို့စိတ်မဝင်စားဘူး"

"ငါသိတယ်၊ထပ်မပြောနဲ့တော့"

Systemနဲ့စကားပြောပြီး လိုင်လာ ဒီကမ္ဘာရဲ့ ဇာတ်လိုက်တစ်ယောက်ဖြစ်လာမယ့် အဲလစ်ကို သနားစဖွယ်ပုံစံနဲ့ ကြည့်လိုက်တယ်။

'အကိုလိုဂန်က ညီမကိုသဘောမကျဘူးထင်တယ်'

'သူနဲ့သတင်းထွက်ဖူးတဲ့ မိန်းကလေးတစ်ယောက်ကို အပြင်မှာ ရင်းရင်းနှီးနှီးဆက်ဆံပြပါ့မလား၊မင်းလည်း ငါ့နားကို အရမ်းမကပ်ပါနဲ့၊ယောကျာ်းလေးနဲ့ မိန်းကလေးဆိုတာ အဲ့လောက်မနီးကပ်သင့်ဘူး'

လိုင်လာချိတ်ထားတဲ့ လက်ကို ဖြုတ်ရင်း အဲလစ်ပြောလိုက်တယ်။

'ညီမက ဒီတိုင်းကြောက်လို့ပါ...ဒီမှာက ညီမသိတဲ့လူက အကိုအဲလစ်ပဲရှိတာ'
မျက်နှာငယ်နဲ့ပြောလာတဲ့ လိုင်လာကြောင့် အဲလစ်စိတ်ကို တစ်ထစ်လျှော့ချပြီး

'ကောင်းပြီ၊ဒီတစ်ခါနောက်ဆုံးပဲ'
လောင်းကြေးကို စိတ်ထဲထားပြီး သူ မနှစ်သက်သော်လည်း လိုင်လာလက်ကို ပြန်ချိတ်စေကာ မွေးနေ့ပွဲကို ဆက်ကျင်းပခဲ့တယ်။

Let's destroy the systemTempat cerita menjadi hidup. Temukan sekarang