[Unicode]
School Life ....
သူအခုရောက်နေတာက အိပ်ခန်းတစ်ခန်း၊ကွန်ပြူတာတစ်ခု၊ဂိမ်းစက်၊ကျောင်းစာအုပ်တွေ ကြည့်ရတာ ဆယ်ကျော်သက် ကျောင်းသားအရွယ် ကောင်လေးတစ်ယောက်ရဲ့ အခန်းတစ်ခုလိုပင်။
'Host ဇာတ်ကြောင်းပို့ပေးပါမယ်'
'ရန်ရွှယ် လို့ပဲခေါ် ဘာပဲဖြစ်ဖြစ် အခုချိန်မှာ မင်းနဲ့ငါနှစ်ယောက်က အဖွဲ့ဖြစ်နေပြီ'
'Ok'
တကယ့်ဇာတ်ကြောင်းက ရိုးရိုးလေး..ဇာတ်လိုက် လင်းဟန်က ဇာတ်လိုက်မအစစ် ဟန်းအာရဲ့ ငယ်ချစ်၊တကယ်က ဟန်းအာက လင်းဟန်ကို အထက်တန်းမှာ စတွေ့ပြီး သဘောကျသွားတယ်၊ဆင်းရဲလို့ ဇာတ်လိုက်ရှေ့ မျက်နှာမပြရဲပဲ ဇာတ်လိုက်မသိအောင် နေ့တိုင်း မုန့်တွေစာတွေ ပို့ပို့ပေးတယ်၊အစက ဇာတ်လိုက်က ဂရုမစိုက်ပေမဲ့ အထက်တန်းသုံးနှစ်တိတိ သူ့ကိုဇွဲရှိရှိလိုက်လို့ စာတစ်စောင်နဲ့ ဟန်းအာကို အထက်တန်းနောက်ဆုံးနေ့မှာ တွေ့ဖို့ ချိန်းခဲ့တယ်
အဲ့နေ့က ဟန်းအာအဖေဆုံးတော့ သွားမတွေ့နိုင်ပဲ ဇာတ်လိုက်နဲ့ ကွဲသွားပြီး နောက်ပိုင်းအလုပ်လုပ်တော့ ဇာတ်လိုက်ကုမ္ပဏီမှာ ဝင်လုပ်၊ဇာတ်လိုက်တို့နှစ်ယောက်အတိုင်း အရင်ကသူ့ကို လိုက်ခဲ့တဲ့ကောင်မလေးက ဇာတ်လိုက်မမှန်းသိပြီး ချစ်ကြ ကြိုက်ကြရင်း ဇာတ်သိမ်းသွားရမှာ
ဒါပေမဲ့ဇာတ်လမ်းက ဟိုမကောင်းတဲ့Systemကြောင့် မကောင်းတဲ့ဇာတ်လိုက်မ နင်းနင်းက ဇာတ်ကြောင်းထဲကို ပါလာတယ်၊ဟန်းအာနဲ့ တွေ့ဖို့ ချိန်းတဲ့နေ့မှာ နင်းနင်းက ဇာတ်လိုက်ကို သွားတွေ့ခဲ့ပြီး ဇာတ်လိုက်ကို နေ့တိုင်းမုန်ြတွေစာတွေပေးတာ သူပါဆိုပြီး လိမ်ခဲ့တယ်
ဇာတ်လိုက်က ယုံပြီးသူတို့နှစ်ယောက် ချစ်ကြိုက်ညား၊ကလေးမွေး ဇာတ်သိမ်းပေါ့။ဟန်းအာကရော..?နင်းနင်းက ဇာတ်လိုက် အဖြစ်မှန်သိသွားမှာဆိုးလို့ တစ်မိသားစုလုံး နှုတ်ပိအသတ်ခံခဲ့ရတယ်၊ဟန်းအာ မိသားစုက ဆင်းရဲတဲ့အတွက် တစ်မိသားစုလည်းအသတ်ခံရလည်း ဂရုစိုက်သူသိပ်မရှိ၊
ဒါပေမယ့် သူဝင်ထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က ဟန်းအာရဲ့ တစ်ဦးတည်းသော သူငယ်ချင်း ရန်ရွှယ်၊မိဘတွေက အသေးစား ကုမ္ပဏီကို ပိုင်တယ်၊ဟန်းအာအတွက် ဇာတ်လိုက်ကို နေ့တိုင်း မုန့်တွေစာတွေ ခိုးပို့ပေးတဲ့လူ။ဟန်းအာ ဆုံးသွားတော့ သူပါ နင်းနင်းရဲ့ နှုတ်ပိတ်တာကို ခံလိုက်ရတယ်

أنت تقرأ
Let's destroy the system
عاطفية'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'