[Unicode]
Entertainment Life.....
"ဇာတ်လိုက် မက်ဒရူး ပြန်လာပြီ"
"မက်ဒရူး?ဘာလို့လဲ?"
"မင်းအကူအညီ လိုအပ်လို့"
"ငါ့အကူအညီ?"
"အရင်ဇာတ်လမ်းမှာ မက်ဒရူးသရုပ်ဆောင်တဲ့ ဇာတ်ကားအတွက် သီချင်းကို စိတ်တိုင်းမကျကြလို့ လိုဂန်ရေးနိုင်မလား မေးခဲ့တယ်၊အဲ့တုန်းက လိုဂန်က လိုင်လာကိုပဲ မြင်နေတဲ့အတွက် သူတို့ကိုငြင်းခဲ့တာ"
"အဲ့တုန်းက သူတို့ကဒီလိုမျိူး ပြန်လာလို့လား"
"မဟုတ်ဘူး၊ဖုန်းဆက်ဆွေးနွေးခဲ့တာ၊အခုက ဇာတ်ကြောင်းပြောင်းသွားတဲ့အတွက် ဖြစ်မယ်၊မက်ဒရူးပါ ပြန်လာခဲ့ပြီ၊ဇာတ်ကြောင်းကဇာတ်လိုက်မနဲ့ စောစောတွေ့ပေးဖို့နေမယ်"
"ငါသိပြီ"
Maxပြောပြထားသည့်အတိုင်း နောက်တစ်နေ့မှာ ဇာတ်ကားရဲ့ဒါရိုက်တာက သူ့ကိုဖုန်းဆက်ပြီး တွေ့နိုင်မလားချိန်းခဲ့တယ်၊ဖြစ်နိုင်ရင် ဒီနေ့ချက်ချင်း တွေ့ချင်တယ်ပြောပေမယ့် ရန်ရွှယ်က နောက်နေ့မှ တွေ့ဖို့ချိန်းလိုက်တယ်၊လောဖို့မှမလိုအပ်တာ...
နောက်နေ့ ချိန်းထားတဲ့နေရာကိုရောက်တော့ သီးသန့်အခန်းမှာ ဒါရိုက်တာနဲ့နောက်ထပ်လူတစ်ယောက်ကို တွေ့လိုက်တယ်။တစ်ယောက်က မောက်မာစွာပြုမူနေတဲ့ မက်ဒရူးဖြစ်ပြီး နောက်တစ်ယောက်က လက်ထောက်ဒါရိုက်တာဖြစ်ကြောင်း Maxကပြောပြတယ်
မက်ဒရူးဟာ လိုဂန်လို ချမ်းသာတဲ့မိသားစုကလာတဲ့ ဒုတိယမျိူးဆက်၊အနုပညာလောကကို သူ့ဝါသနာအရဝင်လာတာဖြစ်ပြီး တခြားသရုပ်ဆောင်တွေလို သူ့ပုံရိပ်ကို ထိန်းသိမ်းတာမျိူးမရှိ၊စိတ်မရှိရင်မရှိသလို အော်ဟစ်တတ်ပြီး ရန်လည်းဖြစ် ပြဿနာလည်းရှာတတ်တဲ့အတွက် သူ့ပရိတ်သတ်တွေက သူ့ကို လူဆိုးလေး လို့ချစ်စနိုးခေါ်ကြတယ်။
လိုဂန်ရဲ့ မှတ်ဉာဏ်အရ မက်ဒရူးနဲ့လိုဂန်ဟာ မိဘချင်းရင်းနှီးတယ်၊မက်ဒရူးက လိုဂန်ကို ခင်ချင်ပေမယ့် လိုဂန်ကအေးစက်စက်သာ ပြုမူခဲ့တယ်။ဇာတ်ကြောင်းမှာ အေးစက်စက်ပြုမူတတ်တဲ့ လိုဂန်က လိုင်လာအပေါ် အရမ်းဂရုစိုက်ကြောင်း သိသွားပြီးနောက် လိုင်လာက ဘယ်လိုမျိူးလဲဆိုတာ စူးစမ်းရင်းမှ ချစ်မိသွားတာဖြစ်တယ်။
VOUS LISEZ
Let's destroy the system
Roman d'amour'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'