Chapter-50(Arc-4)

3.5K 472 30
                                    

[Unicode]

[Crossdresser]

ရန်ရွှယ် ပြန်ရောက်တော့ ဆူပုတ်တဲ့Kiraကို တွေ့လိုက်ရသည်။

Maxဆီက ပြောပြချက်အရ ဒီနေ့အချေခံလိုက်ရတာ ဇာတ်လိုက်မက မကျေနပ်ပုံပဲ။သူလည်း ဘာမှပြောမနေတော့ပဲ အခန်းထဲဝင်နားဖို့သာ ရည်ရွယ်လိုက်တော့သည်။

သူရောက်လာမှ Kiraနဲ့ ဆက်ဆံရေးအေးစက်သွားတာမဟုတ်၊Keiကိုယ်တိုင်က စကားနည်းသူတစ်ယောက်။

စကားအများဆုံးအချိန်က သူ့ဖန်တွေနဲ့ စကားပြောနေချိန်ဖြစ်သည်။

သူမကို ဂရုမစိုက်ပဲအခန်းထဲဝင်သွားသည့်လူကို ကြည့်ရင်းမျက်နှာမဲ့လိုက်မိသည်။
ဟမ့်!ဘာမှမဟုတ်တဲ့ကောင်ကများ.....

သူတတ်တာဆိုလို့ မိန်းမလိုဘယ်လိုဝတ်စားရပြီယ ဘယ်လိုအစားစားပြရမလဲဆိုတာပဲဖြစ်သည်။အသုံးဝင်သေးလို့သာ သူ့ကို လွှတ်ပေးထားတာ၊ အခုတော့ ရှင်းထုတ်ပြစ် ချင်လာပြီ။

နေပါအုံး သူ့ကို ရှင်းထုတ်လို့ရတာပဲလေ၊ ငါဘာလို့ သူ့နေရာကို မဝင်နိုင်ရမှာလဲ နဂိုကတည်းက Seiဆိုတာ ငါ့နေရာပဲကို။

ဇာတ်လိုက်မရဲ့အတွေးတို့ကို မသိပဲ ရန်ရွှယ်က ကောင်းကောင်းကြီး အိပ်ပျော်နေသည်။
_________________
နောက်တစ်နေ့ ရန်ရွှယ်နိုးလာတော့ ဇာတ်လိုက်မ မရှိတော့။ပုံမှန် မျက်နှာသစ် ရေချိုးသန့်စင်ရင်း ဘဲလ်သံကို ကြားလိုက်ရသည်။

ခန့်မှန်းစရာမလိုလောက်အောင်ပဲ မျက်နှာချင်းဆိုင်ကအခန်းပိုင်ရှင် Zeyrnပင်။သူရေချိူးပြီးတိုင်း ရောက်လာတယ်လို့ ဒီဘဲကတကယ် ဘာဖြစ်ချင်နေတာလဲ၊ရေအတူတူ ချိုးချင်တာလား။

'Zeyrn'

'ကိုယ် ဝင်လာလို့ ရလား'

'လာလေ'
ကပိုကရို ဖြစ်နေတဲ့ ရန်ရွှယ်ပုံစံကို ကြည့်ရင်း Zeyrn ဒီကောင်လေးကို ပိုပြီး လိုချင်လာတယ်။တီရှပ်ရိုးရိုး ဝတ်ဆင်ထားတာတောင် ဒီလို ဆွဲဆောင်နိုင်တုန်းပဲ။ အကယ်လို့သာ....အကယ်လို့သာ ကောင်လေးသာ ဘာမှမဝတ်ထားခဲ့ရင်

ယိုကျလာတဲ့ သရေတွေကို ကောင်လေးမမြင်ရအောင် လက်နဲ့အမြန် သုတ်လိုက်တယ်။ပူေနွးလာတဲ့ နှာခေါင်း အတွက် နှာခေါင်းသွေးမလျှံဖို့ပဲ ဆုတောင်းနေလိုက်သည်။သူလည်း တစ်နေ့တစ်ေန့ အစာငတ်တဲ့ကလေးလို ဖြစ်လာနေပြီ။

Let's destroy the systemOnde histórias criam vida. Descubra agora