[Unicode]
Entertainment Life.....
ဒီနေ့နေ့လည် လူသတ်ငွေ့တွေက အဲလစ်ရုံးခန်းရဲ့ ၁မီတာအကွာကနေတောင် ခံစားရနေတယ်။ရုံးခန်းကလူတွေအတွက် ဒီနေ့က ငရဲလိုပင်။အကြောင်းအရင်းက အဲလစ်ဖုန်းထဲကိုရောက်လာတဲ့ ခြိမ်းခြောက်စာကနေ စတင်တယ်။
ခန့်မှန်းစရာမလိုလောက်အောင်ပင် မက်ဒရူးက ဟဲကတ်စ်ဆီက ဗီဒီယိုကိုတောင်းပြီး လိုင်လာရဲ့ လုပ်ရပ်ကို အဲလစ်ဆီ ဖွင့်ချလိုက်တာ၊ရေးထားတဲ့စာမှာတော့ 'မင်းမျောက်မကို မင်းနိုင်အောင်ထိန်းပါ၊မင်းအေးဂျင့် ပြဿနာမတက်ချင်ရင် အဲ့မိန်းမကို ပွဲဦးမထုတ်မိစေနဲ့' ။
လိုင်လာက သူနဲ့ မပက်သက်ပါစေအုန်း၊သူမက သူ့ရဲ့လက်အောက်က လူတစ်ယောက်၊မက်ဒရူးဆိုတာက တခြားအေးဂျင့်ကလူတစ်ယောက်၊ သူမရဲ့လုပ်ရပ်က ဘယ်လိုအကြံကြီးတဲ့ မိန်းမလဲဆိုတာ ဖော်ပြနေတယ်။
ဒေါသတွေကြောင့် သူ့ခေါင်းကနေ အငွေ့တထောင်းထောင်း ထွက်နေတယ်ဆိုတာ ပြောလို့ရတယ်။ဒီမိန်းမကို မက်ဒရူးနား မကပ်ရဘူးလို့ အရင်တစ်ခေါက်ကတည်းက သတိပေးခဲ့တယ်။သူမက ဂရုမစိုက်တဲ့အပြင် ဒီလိုအချိူးမျိူးပါ လုပ်နေပြီ၊သူ့ရှေ့မှာတော့ ဖြူစင်တဲ့မိန်းမလို သရုပ်ဆောင်နေတယ်။
အခန်းရှေ့မှာ ဝင်ရနိုး မဝင်ရနိုးနဲ့ အတွင်းရေးမှူး ခေါင်းစားရပြီ။နောက်ဆုံး အသက်ကို ဝဝရှူသွင်းရင်း တံခါးကိုခေါက်လိုက်တယ်၊ဝင်ခဲ့လို့ ခေါ်သံကြားတော့ အားတင်းပြီး အခန်းထဲကို ဝင်သွားလိုက်တယ်။အပြင်ဘက်ရှိ ဝန်ထမ်းအကုန်လုံးကတော့ အတွင်းရေးမှူးကို လည်စင်းရတော့မယ့် ကြက်ကလေးကို သနားသလိုမျိူး သနားနေကြတယ်။
၁၅မိနစ်အတွင်း ပြန်ထွက်လာတဲ့ အတွင်းရေးမှူးရဲ့ မျက်နှာက ခုနကထက် ဖြူဖျော့နေတယ်၊အကောင်းတိုင်းပြန်ထွက်လာတာကိုပဲ သူ့အတွက် ကံကောင်းနေသလို သက်ပြင်းအကြီးကြီးချမိတယ်။
ဒါပေမယ့် နောက်ကျအလုပ်ရှုပ်တော့မယ့် အကြောင်းကိုပြန်တွေးမိတော့ စိတ်တော့မကြည်ချင်တော့။အဓိကကာယံကံရှင်ဖြစ်တဲ့ လိုင်လာကိုပဲ ကျိန်ဆဲနေလိုက်တယ်။

ESTÁS LEYENDO
Let's destroy the system
Romance'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'