[Unicode]
Zombie World
ကောင်လေးကို အခန်းထဲ ခေါ်လာပြီး သူ့ကုတင်ပေါ်မှာ ထိုင်ခိုင်းလိုက်တယ်။
ဖိနပ်မပါတဲ့ ကောင်လေးရဲ့ ခြေဖဝါးတွေမှာ ထိခိုက် ရှရာတွေအပြည့် ဒဏ်ရာတွေကို မြင်လိုက်ရတော့ သူ့ရင်ကတင်းကြပ်သွားသလိုပဲ။
အမြဲဆောင်ထားတဲ့ လက်ကိုင်ပုဝါနဲ့ သန့်ရှင်းသွားအောင် သေချာသုတ်ပေးနေလိုက်တယ်။
ကောင်လေးက သူသုတ်ပေးထားတဲ့ ခြေချောင်းလေးတွေနဲ့ သူ့ကိုမေးမော့စေပြီး
'ဒီလိုပုံစံကို ခင်ဗျားရဲ့ တပ်သားတွေ တွေ့ရင် အံ့ဩကုန်မှာပဲ''မင်း သူတို့ကို မြင်စေချင်တာလား'
'မြင်စေချင်ပါ့မလား၊ခင်ဗျားက ကျွန်တော့်အပိုင်ပဲကို'
Reiရဲ့ နှုတ်ခမ်းတွေက ကော့တက်လာပြီး Ryuuကို စိုက်ကြည့်နေပေမယ့် လက်တို့က နောက်ခြေထောက်တစ်ဖက်ကို သုတ်ပေးနေဆဲ။Reiရဲ့ပုံစံက သခင့်စကားကို သဘောကျနေတဲ့အစေခံလိုပဲ၊အရင်လို အေးတိအေးစက် အာဏာရှင် ခေါင်းဆောင်ပုံစံ မဟုတ်။
'အင်း၊ကိုယ်က မင်းအပိုင်....မင်းကလည်း ကိုယ့်အပိုင်ပဲနော်'
သုတ်လို့ ပြီးသွားတဲ့အတွက် ပုဝါကို ပြန်သိမ်းလိုက်ရင်း ကောင်လေးဘေးမှာဝင်ထိုင်ပြီး ကောင်လေးကို သူနဲ့မျက်နှာချင်းဆိုင်စေတယ်။'ဒါပေါ့...ကျွန်တော် အစည်းအဝေးပွဲမှာ ပြဿနာရှာခဲ့တာ အဆင်ပြေရဲ့လား'
'ပြေတယ်၊မင်းလုပ်ချင်တာလုပ် အကုန်ဖြည့်စည်းပေးမယ်'
Ryuuကသဘောတကျ ရယ်တော့ ကောင်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရင်း ဆံသားတွေကိုနမ်းရှိုက်လိုက်တယ်။'ထွက်ပြေးမလား'
'ဘာလို့လဲ'
'သူတို့က မင်းကို သတ်ချင်နေကြတာ'
'ခင်ဗျားက ကြောက်လို့လား'
'ဟင့်အင်း မင်းထိခိုက်သွားမှာ ကြောက်လို့၊မင်းဒဏ်ရာတွေ မြင်ရတာ အစိမ်းလိုက်ရင်ခွဲသလိုပဲ၊နောက်ထပ် ဒဏ်ရာတွေ မရစေရဘူး၊ကိုယ် ကတိပေးတယ်၊မင်းဘာပဲလုပ်ချင်လုပ်ချင် ကိုယ်နောက်က ထောက်ပံ့ပေးမယ်'

YOU ARE READING
Let's destroy the system
Romance'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'