[Unicode]
Entertainment Life....
ဘာမှထူးခြားတဲ့ဖြစ်ရပ်မရှိတော့ပဲ အချိန်တွေကျော်လွန်လာပြီး ဒီနေ့က အဲလစ်ရင်ခုန်ရဆုံး နေ့တစ်ခုဖြစ်တယ်။ဒီပွဲမှာ သူနိုင်ခဲ့ရင် လိုဂန်ကိုခေါ်နိုင်ပြီမလား။
လိုင်လာရဲ့ သီချင်းကို လိုင်းပေါ်တင်ပြီးတာ ၁နာရီကျော်ကြာပြီ၊အခု စိတ်မရှည်နိုင်စွာ ရလဒ်ကိုသိချင်နေပြီ။သီချင်းဗီဒီယိုအတွက် သူတို့အသေအချာ အားထုတ်ထားရသည်မလား။
'ဘော့စ် လိုင်လာရဲ့သီချင်းက တစ်နာရီအတွင်း
လူတစ်သန်းကျော်viewers ရှိနေပြီ၊Album ဝယ်ဖို့အတွက် ကြိုစာရင်းပေးတာ ၇သိန်းလောက်ရှိပြီ''Yes!ခရစ်ရော'
ပျော်ရွှင်စွာနဲ့ ခရစ်အကြောင်းကို သတိတရမေးမိတော့'လိုဂန်ဘက်က ဘာမှမလှုပ်ရှားသေးပါဘူး၊သူတို့အဆင်သင့်မဖြစ်သေးတာများလား'
'မဖြစ်နိုင်ဘူး၊လိုဂန်က အဲ့လိုလူမဟုတ်ဘူး'
'ဘော့စ်!ဘော့စ်!'
အော်ကြီးဟစ်ကျယ် ပြေးဝင်လာတဲ့ ဌာနမှူးကြောင့် သတင်းဆိုးတစ်ခုခုတော့ဖြစ်ပြီလို့ သူထင်လိုက်ပြီ။'ဘောစ့် လိုဂန်ဘက်က သီချင်းဗီဒီယိုတင်လိုက်ပြီ'
'အခြေအနေကဘယ်လိုလဲ'
'တင်တဲ့အချိန်က ၁၅မိနစ်ရှိပါပြီ၊viewersက ၃သိန်းကျော်နေပါပြီ'
အဲလစ်လိုင်းပေါ်ချက်ချင်းတက်ကာ လိုဂန်တင်ထားတဲ့ ဗီဒီယိုကို ဖွင့်လိုက်တယ်။ဗီဒီယိုမှာ ကောင်လေးတစ်ယောက်က အမှောင်ရိပ်ထဲဂီတာတီးရင်း သီချင်းဆိုနေတာပေ။ရိုးရှင်းလှတဲ့ဗီဒီယိုက ဘာမှသေချာအားထုတ်ရသည်မရှိ၊အမှောင်ထဲ မီးအလင်းရောင်အားကျောပေးလိုက်သည့်အတွက် ဆိုနေသည့်ကောင်လေးအားမမြင်ရ။အသံကို နားထောင်ကြည့်ယုံတင် ဒီကောင်လေးက လူတိုင်းသိချင်လှသည့် အသံပိုင်ရှင်ဆိုတာသေချာစေတယ်။သီချင်းအရည်အသွေးကပြောစရာမလို အသံပိုင်ရှင်ကလည်း သီချင်းနဲ့လိုက်ဖက်လွန်းလို့ ဘယ်သူမဆို အထပ်ထပ်အခါခါပြန်ပြီး နားထောင်ချင်ကြတယ်။အဲလစ်viewers
တွေကိုကြည့်မိတော့ တဖြည်းဖြည်းviewersတွေများလာကာ 1Mကိုပြည့်ခါနီးပြီ။
![](https://img.wattpad.com/cover/284437982-288-k938867.jpg)
ESTÁS LEYENDO
Let's destroy the system
Romance'Host လွတ်မြောက်ချင်လား?' '.....' 'Systemကို ဖျက်စီးကြမယ်လေ' 'ကောင်းပြီ လုပ်ကြစို့'