|| 1 ||

517K 15.4K 6.3K
                                    

Unicode

" ယဉ် နှောင်း လက် ပံ "

နှစ်ထပ်တိုက် တစ်ခုလုံး ယဉ်နှောင်းလက်ပံဟူသည့် နာမည်က ဟိန်းထွက် လာသည်။

" ဗျာ မေမေ ကျွန်တော် လာပြီနော် "

စားလက်စ ထမင်းပန်းကန် လေးကို အမြန်ချကာ ယဉ်နှောင်းလက်ပံ ဘေ စင်မှာ လက်အရင်ဆေးလိုက်တယ် ။

လက်ဆေးပြီးတော့ အဝတ်စဖြူဖြူလေးတစ်ခုနဲ့ သေချာသုတ်ကာ မေမေ ရှိလောက်မည့် ဒုတိယထပ်ကိုတက်သွားလိုက်သည် ။

" မြန်မြန်လာစမ်းပါ ကြာလိုက်တာ ယဉ်ယဉ် ဒီမှာ ဒါတွေ မီးပူထိုးပေးဦး ပြီးတော့ ဖိနပ်ကို ဖုန်တွေ ပြောင်နေအောင် သုတ်ပေးဦး မင်းမမ ဒီနေ့ ကြင် ယာဖက်သွားတွေ့ရမှာ

အနီရဲဂါဝန်အတိုကို ဝတ်ထားကာ နှုတ်ခမ်းနီကိုပါ နီရဲနေအောင်ဆိုးထား တဲ့ မေမေက မမကြီး ကြင်ယာဖက်သွားတွေ့မှာ လိုက်သွား မည့်ပုံရှိသည် ။

" ဟုတ်ကဲ့ မေမေ ကျွန်တော် လုပ်ပေးမယ် နော် ထမင်းလေးအရင်စားပါ ရစေနော် မနက်ထဲက မစားရသေးတာမို့ ဗိုက်တအားဆာနေလို့ပါ "

လက်ထဲသို့ မေမေထိုးပေးလာတဲ့ မမ ဘော်လီတွေနဲ့ အတွင်းခံတွေကို ယဉ်ယဉ် သေချာပိုက်ထားကာ ခွင့်တောင်းလိုက်တယ် ။

" ထမင်းစားတာက အရေးကြီးလား ယဉ်ယဉ် မင်းမမက အပြင်သွားတော့ မှာ နောက်မှစား သွား လုပ်စရာရှိတာ မြန်မြန်သွားလုပ် "

" ဟုတ်ကဲ့ မေမေ "

ဘာတစ်ခွန်းမှ အထွန့်တက်မနေတော့ပဲ သူ အောက်ထပ်ကို ပြန်ဆင်းလာ လိုက်သည် ။

" ယဉ်ယဉ် ဒီကိုလာဦး မင်းညီမလေး ကျောင်းသွားတော့မှာမို့ ထမင်းချိုင့် ပြင်ပေးဦး အငယ်မက အသန့်ကြိုက်တော့ မင်းနဲ့မှ ဖြစ်မှာ ငါကုမ္ပဏီ သွားပြီ ယဉ်ယဉ် "

" ဖေဖေ ရော ထမင်းဘူး ယူမသွားဘူးလား "

" ငါကအပြင်မှာ စားလိုက်မယ် မင်းချက်ရင် စားမကောင်းဘူး သွားပြီ "

" ဂရုစိုက်သွားနော် ဖေဖေ "

ယဉ်နှောင်းလက်ပံ လည်း ညီမလေး ထမင်းချိုင့်အတွက် အရင်ပြင်ပြီး စားပွဲပေါ်တင်ပေးထားကာ ပြီးမှ မမကြီး အဝတ်တွေ မီးပူထိုးပေးနေလိုက် တယ် ။

My Impressive HusbandWhere stories live. Discover now