|| 23 ||

127K 10.2K 3.4K
                                    

Unicode

အခန်းထဲကို ဝင်လာသော ဘုန်းဘေဘီ
ကြောင့် ပန်းမြတ်ဒေဝီ Laptop ကို ပိတ်လိုက်သည်။

" ဘာထူးလဲ အရင်တိုင်းပဲလား ဘေဘီ "

" ဟုတ်ကဲ့ မယ်မယ် ကိုကို့ကို ဘာဖြစ်လို့ အမှန်တိုင်း မပြောပြချင်တာလဲဟင် "

" ဘုန်းဘေဘီ "

" ဗျာ မယ်မယ် "

" မင်းလုပ်ရမှာ တစ်ခုတည်းရှိတယ် သားချီ အနားမှာနေ ။ သားချီ ဘယ်လိုပဲ အော်အော်ငေါက်ငေါက် စိတ်မကွက်ဘဲနဲ့ နေပေးဖို့ပဲ ။ ကျန်တာ မင်းဝင်ပါစရာမလိုဘူး နားလည်လား "

" ဟုတ်ကဲ့မယ်မယ် "

" မုန့်ဖိုး ယူသွား ဘေဘီ မနက်ဖြန် ကျောင်းသွားရမယ်မလား "

" ကျေးဇူးပါ မယ်မယ် "

လက်ထဲကို ထည့်ပေးလာတဲ့ ပိုက်ဆံအထပ်လိုက်ကို ယူပြီး ဘေဘီ အခန်းထဲကနေ ပြန်ထွက်လာလိုက်တယ်။

အတော်ပဲ ကိုကြီး Rain (မိုးမြတ်နေရောင်) ကို အမ်းလို့ရပြီ ။

ဘုန်းဘေဘီက ​နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကို​ကြီးစက်ကောင်းကင်ယံ၏ ညီဝမ်းကွဲလည်း ဖြစ်သည်။

ကိုကြီးစက်က သူ့သူငယ်ချင်းဖြစ်တဲ့ကိုကြီးကြီးမြတ်ပိုင်ချီကိုကူညီပေးပါဆိုလို့ ဘုန်းဘေဘီ ဒီအရှူပ်ထဲရောက်နေရခြင်းပင်။

မယ်မယ်က တစ်မျိုး ကိုကိုက တစ်မျိုး သူ့ကိုတွေ့တာနဲ့ တစ်ယောက်က မင်းငါ့အနားဘာလာလုပ်တာလဲဆိုပြီးအော်မယ် ။ နောက်တစ်ယောက် က လည်း ငါ့သားကို သေချာကြည့်ဖို့ပဲမင်းကိုငှားထားတာဆိုပြီးအော်မယ် ။

ဖြစ်ပုံက ဒီလို ဘုန်းဘေဘီ အထက်တန်းအောင်တဲ့နှစ်မှာ ကိုကြီး ကြီးမြတ်ပိုင်ချီ Accident တစ်ခုဖြစ်ပြီး ကိုမာဝင်သွားတယ်လို့ သတင်းကြားရတယ်။

ဘေဘီနဲ့ ကိုကြီးတို့က ငယ်ငယ်တုန်းက မြင်ဖူးပေမယ့် ဘေဘီ ငါးတန်းမှာမိသားစုလိုက် နယ်ဘက် ပြောင်းသွားတော့ အနေစိမ်းသွားခြင်းပင်။

ကိုကြီးချီရော ကိုကြီးမိုးမြတ်နေရောင်ရောက သူ့ကို ညီလေးလို သည်းသည်းလှုပ်ချစ်တာကိုတော့ မှတ်မိသေးသည်။

My Impressive HusbandUnde poveștirile trăiesc. Descoperă acum