|| 22 ||

127K 10K 4.2K
                                    

Unicode

" ကျွန်တော် လက်မခံဘူး "

" ယဥ်ယဥ် "

" ဟင့်အင်း ကိုကြီး ပြန်စဥ်းစားပေးပါ "

ဆွယ်တာ လက်ရှည် အညိုရောင်အပွကြီးနဲ့ Cropped Pants အ​ဖြူရောင်ကို ဝတ်ထားကာ Slipper   အမဲ​လေးကို စီးထားသော
ယဥ်နှောင်းလက်ပံက အရင်နှစ်တွေကလို ခပ်တုံးတုံး ကောင်လေးတစ်ယောက်မဟုတ်တော့ချေ။

" ယဥ်ယဥ်ရယ် ကိုယ်တစ်ကယ်မအားလို့
ယဥ်ယဥ့်ကို အကူအညီတောင်းတာပါ "

" မြန်မာပြည် က ကျွန်တော် ဘယ်တော့မှ ပြန်မသွားချင်တဲ့နေရာဆိုတာ ကိုကြီးသိပါတယ်နော် "

Coffee ခွက်လေးကိုင်ကာ အပြင်ဘက်ကို ငေးပြီး ဆွေးဆွေးမြေ့မြေ့ ပြောလာသူအား သွေးစက် စိတ်မကောင်းတဲ့အကြည့်များနဲ့သာကြည့်မိသည်။

" 4 နှစ်တောင် ကြာသွားပြီလေ ယဥ်ယဥ် ရယ် "

" ကိုကြီး ကျွန်တော် အားနာပါတယ် မြန်မာပြည် ကိုဘယ်တော့မှ ခြေထပ်မချတော့ဖို့ လွန်ခဲ့တဲ့ 4 နှစ်တည်းက ဆုံးဖြတ်ပြီးသားပါ "

" ကြီးမြတ်ပိုင်ချီကို မမေ့နိုင်သေးတာလား
ယဥ်ယဥ် "

ခလွမ်း

" ကိုကြီး "

ကော်ဖီခွက်လေးက အစိတ်စိတ်အမွှာမွှာ ကျကွဲသွားရသည်။

" သူ့အကြောင်း နောက်တစ်ခါ ကျွန်တော့်ရှေ့မှာ ဘယ်တော့မှ ထပ်မပြောပါနဲ့ "

" ယဥ်နှောင်းလက်ပံ စိတ်လျှော့ပါ "

" ကြီးမြတ်ပိုင်ချီ ဆိုတာ တစ်လောကလုံး မှာ ကျွန်တော် အမုန်းဆုံး လူပဲ သူ့နာမည် သူ့အကြောင်း သူနဲ့ပက်သတ်တာတွေ ကျွန်တော့်ကို လာမပြောဖို့ တောင်းဆိုပါတယ် "

သွေးစက်ရိပ်မာန် သက်ပြင်းသာ ခပ်လေးလေးချမိတယ်။

" ကောင်းပြီလေ ဒါဆို ကိုကြီး ပဲ သွားတော့မယ် ယဥ်ယဥ် ။ ဒီကအလုပ်တွေကိုတော့
ယဥ်ယဥ့်ကိုပဲ အပ်ခဲ့မယ်နော် မနက်ဖြန် ကိုကြီး Flight နဲ့ မြန်မာပြည် သွားမယ် "

" ဟုတ်ကဲ့ ကိုကြီး စိတ်ချပါ​ "

စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းက မီးလင်းလာသည်မို့ ယဥ်ယဥ် ကြည့်လိုက်တော့ အိမ်အကူအန်တီကြီးဆီမှ Message ဖြစ်သည်။

My Impressive HusbandWhere stories live. Discover now