|| 38 ||

108K 9.1K 1.4K
                                    

Unicode

" Leo "

အထဲဝင်မလာဘဲ ပြန်ထွက်သွားဖို့ပြင်နေတာမို့ ဘုန်းဘေဘီခင်မျာကုတင်ပေါ်ကဆင်းပြီးလက်ဆွဲကာသွားခေါ်လိုက်ရတယ်။

" ချွတ် လက်ရို မချိနဲ့ လုံးဘေယီ "

သူ့လက်ကို ခါထုတ်လာသည်မို့ ဘုန်းဘေဘီမျက်နှာလေးငယ်သွားရသည်။

" လာပါ Leo ရဲ့ ကိုကြီး Rain လည်း ရှိတယ် ဘေဘီ တစ်ယောက်ထဲမဟုတ်ဘူး "

" မချိုင်ရဲ့ရို့ လက်ရို လွတ် လုံးဘေယီ လာမချိနဲ့ "

" Leo အာ့ ဘေဘီ ဗိုက်ကအနာ နာလာပြီ "

" ဟမ် ဟုတ်ယား တွားတွား ကုချင်ပေါ်တွား လုံးဘေယီ တားလာချဲ့ယယ် "

သူကတစ်ပြန်လက်ကိုဆွဲကာ ကုတင်ပေါ်ထိုင်ခိုင်းနေသည်မို့ ဘေဘီ မသိမသာလေးခိုးပြုံးလိုက်တယ်။

အလည်လေး သူ့ကို စိတ်မပူတာလည်းမဟုတ်ဘဲနဲ့။

" ကိုကြီး Rain ဒါ ကိုကို့ သားလေ ကြီးမြတ်ကုဋေချီ တဲ့ Leo လို့လည်း ခေါ်တယ် "

သူ့ကို ခပ်စိမ်းစိမ်း ကြည့်နေတဲ့ ချီ့သား
ကြောင့် မိုးမြတ်နေရောင် ဘာပြောရမှန်းပင်မသိ။

ခုနကလည်း ဘေဘီနဲ့ ဒီကလေးဖြစ်နေပုံကချစ်သူတွေ စိတ်ကောက်နေတဲ့ ပုံစံမျိုး။

ကလေးကို အဲ့လိုမပြောသင့်ပေမယ့် သူတို့ပုံစံက တစ်ကယ်ကြီး အဲ့လိုဖြစ်နေတာဆိုတော့မိုးမြတ်နေရောင် စိတ်ထဲမှာ ထားလိုက်တယ် ။

" သားက ချစ်စရာလေး ပဲ ဦးနာမည်က မိုးမြတ်နေရောင်တဲ့ သားDaddy ရဲ့ သူငယ်ချင်း "

မိုးမြတ်နေရောင် အရဲစွန့်ကာ နှုတ်ဆက်ပြီး လက်ကမ်းလိုက်တော့ Leo လေးကလက်ပြန်မပေးလာ။

" Leo ရို့ ခေါ်ယယ် အချက်က သုံးရစ်ရှိတွားပြီ "

ခပ်တည်တည် ပင်ပြန်မိတ်ဆက်လာသောကြောင့် Rain ခေါင်းငြိမ့်ပြလိုက်ရသည်။

" ကျောင်းတက်နေပြီလား Leo "

" နယ်နယ်ရေး ရှိတေးယယ် ဘာရို့ ကျောင်းယဲတက်ချိုင်းနေယာယဲ "

ကျောင်းအကြောင်းပြောတော့ ကြီးမြတ်ကုဋေချီတို့ဗီဇကပေါ်လာပြီးမျက်နှာကဆူပုပ်လာတယ်။

My Impressive HusbandWhere stories live. Discover now