|| 3 ||

163K 11.9K 2.6K
                                    

Unicode

" ငါက မင်းလို ဂေးမဟုတ်ဘူး "

ရေကန်ဘေးက မြေကြီးပေါ်သို့ အပိန်ပိန်အလိန်လိန် ဖြစ်ကာ ကျသွား သော ဒန်ဖလားခွက်တစ်လုံး ။

" ယဉ်နှောင်းလက်ပံ ခင်ဗျား သေချင်နေပြီ လား "

" လွှတ်စမ်း အရိုင်းစိုင်းကောင် ငါ့ကို လာမထိနဲ့ "

အရိုင်းအစိုင်းကောင် တဲ့ သူ့သူငယ်ချင်း တွေတောင် သူ့ကို အဲ့လိုပြောဖူးတာ မဟုတ်ဘူး ။

ဒေါသထွက်လာပြီမို့  ချီ အားသုံးကာ ယဉ်နှောင်းလက်ပံ ၏ မေးစေ့ကို ပိုညှစ်ထား လိုက်သည် ။

" မလွှတ်ဘူး ဘာဖြစ်လဲ "

သူ့လက်ဖဝါးကြီးနဲ့ ဆွဲညှစ်ထားသည်မို့ ယဉ်ယဉ် မေးစေ့ တစ်ခုလုံး နာပြီး ကျင်တက်လာရသည် ။

ဒီလိုမှန်းသိရင် လေးငါးချက်လောက်ပို ရိုက်ပစ်ရမှာ ။

ဘယ်လောက်မာလဲ မမာလဲ ဒန်ဖလားနဲ့ သူ့နားထင်စောင်းကို ရိုက်ချတာ တောင်သူက ဘာမှမဖြစ်ပဲ ယဉ်နှောင်းလက်ပံ ရဲ့ ဒန်ဖလားသာ ပိန်သွားရသည် ။

" မင်းကို မေမေနဲ့တိုင်မယ် မင်းသာ ဂေးမှန်းသိသွားရင် မမကြီးကလည်း မင်းကိုလက်ထက်မှာ မဟုတ်တော့ဘူး "

ကြီးမြတ်ပိုင်ချီ ၏ မူပိုင်အပြုအမူတစ်ခုဖြစ်သည့် မျက်ခုံးနှစ်ဖက် အလယ်စပ်ကြားရှိ နေရာလေးကို လက်ညိုးနှင့် ဖွဖွပွတ်ကာ ဟက်ခနဲ ရီချ လိုက်သည် ။

" ခင်ဗျား အမေက ပိုက်ဆံမက်တယ်လေ ကျုပ်ဘာသာဂေးမကလို့ မုဆိုးဖိုပဲ ဖြစ်နေပါစေ ပိုက်ဆံသာရရင် ခင်ဗျားအမေက က ခင်ဗျားမမ ကြီးကို အတင်းထိုးကျွေးမှာ ။ မယုံမရှိနဲ့ ယဉ်နှောင်းလက်ပံ

သူ မေမေနဲ့ မမကြီး ကို လက်ထက်ဖို့ကိစ္စ မလုပ်တော့ဖို့ ပြောရမယ် ။ မမ ကြီး က ပညာတတ်ပဲ စဉ်းစားဆင်ခြင်နိုင်တဲ့ ဥာဏ်ရှိမှာပါ ။

" မင်းဘာသာမင်း ဂေးချင်ဂေး မဂေးချင်နေ မင်းလိုကောင်နဲ့တော့ ငါ့မမ ကြီးကို သဘောမတူနိုင်ဘူး ရွံစရာကောင် အရိုင်းစိုင်းကောင်"

နေရောင်အောက်မှာ နီရဲနေသည့် မျက်နှာလေးအား ချီ အားရပါရ စိုက်ကြည့်ပေးလိုက်သည် ။

My Impressive HusbandWhere stories live. Discover now