|| 34 ||

122K 9.8K 2.4K
                                    

Unicode

" ပါပါး အီးးးးးး "

ခေါင်းမှာ ပတ်တီးဖြူဖြူ စည်းထားရကာ ဆေးရုံဝမ်းဆက် အပြာလေးနဲ့သားကသူတို့ဆိုင်ကယ်ရှေ့ပြေးလာရပ်သောကြောင့်ယဥ်နှောင်းလက်ပံကြောင်ပြီးကြည့်နေမိသည်။

" ပါပါး လွမ်းနေယာ အီးးးးး "

" Leo "

သား ပုခုံးလေးကို အသာကိုင်ကာခေါ်ကြည့်တော့ သားကမျက်လုံးပြူးလေးနဲ့ကြည့်လာတယ်။

" ဂျာ ပါပါး "

" Leo လေး ပါပါး အများကြီး လွမ်းနေတာ သားရယ် "

" တားယဲ လွမ်းယယ်ယေ ပါပါး မုန့်မုန့်တွေယဲ အညားဂျီး ချားချင်ယယ် ပါပါး "

" အင်း ဝယ်ကျွေးမှာပေါ့ စားချင်တာ မှန်သမျှ ဝယ်ကျွေးမယ် နော် လိုချင်တာ လည်းပါပါးကအကုန်ဝယ်ပေးမယ်"

သားလေးကိုဆွဲဖက်ကာယဥ်နှောင်းလက်ပံရင်ခွင်ထဲအကြာကြီးထည့်ထားလိုက်တယ်။

သူ့သားလေးဘာမှမဖြစ်တာတော်သေးတယ်။

" ပါပါး လုံးဘေယီက အိပ်နေယာယား ချူထိမရိုးချေးဝူး"

ဘုန်း​ဘေဘီကို အိပ်နေတယ်ထင်နေတဲ့သားက အခုထိမနိုးသေးတာမဟုတ်ဘဲမေ့နေတာဆိုတာကို ဘယ်လိုပြောပြရပါ့မလဲ။

" ဒယ်ဒယ် ဆိုင်ကျယ် ချီးမယ်ယေ တားရိုခေါ်အုံး"

ပြည့်ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ် လေးက အနည်းငယ် ချောင်ကျသွားတာမို့ သားကိုအားရှိတဲ့အစားအစာတွေများများလုပ်ကျွေးရမယ်လို့ ယဥ်ယဥ် တွေးလိုက်သည်။

" နေမကောင်းသေးဘူး Leo ဆိုင်ကယ်က သားအတွက် သား Daddy ဝယ်ပေးထားတာ "

" ဘယ်ရို ပါပါး "

သားက သူ့ရင်ခွင်ထဲက ထွက်ကာ သူ့Daddy အနားရောက်သွားပြန်သည်။

" တားက သူညားချီးပြီးယားကြီး မချီးဝူးရော်Daddy အတစ်ဝယ်ယေး တားရို အီးးးးးဒယ်ဒယ် လူဂျိုး တားတားက အတစ်ချီးချင်ယာရို အီးးးးးး "

အငိုသန်တဲ့ သားဖြစ်သူကို ချီ ဆိုင်ကယ် ပေါ်ပွေ့တင်လိုက်တော့ သားကသူ့လည်ပင်းကိုသိုင်းဖက်လာတယ်။

My Impressive HusbandWhere stories live. Discover now