|| 17 ||

123K 9.9K 1.7K
                                    

Unicode

" သားချီ မင်းဒယ်ဒီကို ဒီမှာခဏစောင့်ခိုင်းလိုက် မင်းက မယ်မယ်နဲ့အတူ စံပယ်မြတ်ဟန်တို့ အိမ်သွားကြမယ် "

" မသွားဘူး မယ်မယ် "

" သားချီ "

ကြီးမြတ်ပိုင်ချီ အော်လိုက်တော့ မယ်မယ်က ဒေါသသံပါလာသည်။

" ကျုပ် မလိုက်ဘူး မယ်မယ် ။  မယ်မယ်သိလား အဲ့စံပယ်မြတ်ဟန်ဆိုတဲ့ တစ်ယောက် က ကြီးကြီးမြိုင် ကို လှေကားပေါ်ကနေ တွန်းချခဲ့တာ ပြီးတော့ မယ်မယ်ချွေးမလောင်းအတွက် သိမ်းထားခိုင်းတဲ့ လက်ဝတ်ရတနာတွေကိုလည်း စံပယ်မြတ်ဟန် ပဲ ခိုးသွားတာ အဲ့လိုစာရိတ္တမျိုးရှိတဲ့မိန်းမကိုမယ်မယ်က ချွေးမတော်ချင်လို့လား "

ကြီးကြီးမြိုင် ကုတင်ဘေးက နေထထွက်လာကာ ချီ မယ်မယ့်ရှေ့ တည့်တည့်ရပ်လိုက်သည်။

" ဒါဆိုလည်း သူ့ကိုဘာလို့လွှတ်ထားပေးတာလဲ တစ်ခုခုလုပ်လေ သားချီ မင်းလွှတ်ထားပေးတယ်ဆိုထဲက သံယောဇဉ် ရှိနေလို့ပေါ့ မဟုတ်ဘူးလား အခုသွားမယ် ကြီးမြတ်ပိုင်ချီ မယ်မယ် စကားတစ်ခွန်း ကို နှစ်ခါမပြောချင်ဘူး ။ ရော့ အဝတ်စားလဲလာခဲ့ ကားပေါ်မှာ မယ်မယ်စောင့်နေမယ် "

စံပယ်မြတ်ဟန်ကို ဒီအတိုင်း ထားထားတယ်ဆိုတာ ယဥ်ယဥ့်ကို အနားမှာပဲ နေစေချင်လို့ဆိုတာ သူတစ်ယောက်ထဲ သာသိသည်။ ချီသာစံပယ်မြတ်ဟန်ကိုတရားစွဲပြီး လက်ထပ်တဲ့ကိစ္စ ဖျက်သိမ်းလိုက်ရင်  ယဥ်ယဥ် က အိမ်က​နေ အလိုအလျောက် ထွက်သွားရမှာ။

မယ်မယ်ပေးလာတဲ့ အဝတ်စားထုပ်ကို ကြီးမြတ်ပိုင်ချီ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။

"  မယ်မယ့်ဘာသာသွား ကျုပ်ကတော့ မလိုက်ဘူး "

သားဖြစ်သူအကြောင်းကို ပန်းမြတ်ဒေဝီ ကောင်းကောင်း ကြီးကို သိသူမို့ တစ်နည်းမရရင်နောက်တစ်နည်းကို ပြောင်းသုံးရမှာပေါ့ ။

" ယဥ်နှောင်းလက်ပံ မင်းယောက်ဖကို မင်းပြောပါဦး မယ်မယ့်ကို ကူညီပါကွယ် "

ချီ့ဘက်က သူ့ဘက်လှည့်လာသည့် မယ်မယ့်ကြောင့် ယဥ်နှောင်းလက်ပံ  တောင့်တောင့်လေးရပ်နေမိသည်။

My Impressive HusbandWhere stories live. Discover now