|| 43 ||

113K 8.2K 1.2K
                                    

Unicode

" ပါပါး "

မျက်လုံးနှစ်လုံး ကို လက်သေးသေးလေးတွေနဲ့ ပွတ်ကာ နိုးလာသူကြောင့် ယဥ်နှောင်းလက်ပံစိုးရိမ်နေတာတွေ အခုမှ လျော့သွားရသည်။

" တိုးတိုး Leo ဘေဘီ ပင်ပန်းနေတယ် "

ဘုန်းဘေဘီကို ကားမှန်ကနေ တစ်ဆင့်ကြည့်တော့ မျက်နှာကသွေးမရှိတော့သယောင်ဖြူစုတ်နေတယ်။

နှစ်ခါ ရှိပြီ ဒီကလေး သူ့သား အသက်ကိုကယ်တာ ။

" ပါပါး လုံးဘေယီက ဘာကျစ်ယာယဲ အိပ်ရေကျန်ပြီယား "

" ပင်ပန်းလို့ အိပ်နေတာ ပါ Leo ရဲ့ ဘေဘီ့ကို စကားတွေ ပြောပေးနေလိုက် မြန်မြန်နိုးလာအောင်"

" ဟုတ်ဟုတ် ပါပါး တားချကားကျောယိုက်မယ်ရော် "

အိပ်နေတာ မဟုတ်ဘဲ ဒဏ်ရာက တဆစ်ဆစ်နဲ့ ကိုက်နေ၍ နာလို့ မျက်လုံး မှိတ်ထားကြောင်းပြောချင်ပေမယ့် ဘုန်းဘေဘီ မှာစကားပြောဖို့အားတစ်စက်လေးတောင်ရှိမနေပါ။

" အိပ်နဲ့ရော့ယေ လုံးဘေယီ "

ဘေဘီ မအိပ်ပါဘူး Leo ရယ်။

" နိုးလာရော့ ပျင်းညေပြီယို့ ဗိုက်ယဲချာယယ်"

ဗိုက်ဆာတယ်ပြောလာတာမို့ ဘေးနားမှာ ဘာမုန့်ရှိလဲ လက်နဲ့ ဘေးကို အသာစမ်းကြည့်မိသည်။

" ပါပါး အီးးးးးးးး လုံးဘေယီက တားရို ချစ်ရော့ဝူးယား မတိဝူး ချကားယဲကျန်ကျောဝူး"

" အီးးးးး ပါပါး လုံးဘေယီကို ကျောဦး
ညန်ညန်ထယာဖို့"

နောက်ဆုံး အားတင်းပြီး မျက်လုံးဖွင့်ကာ Leo ကို ရင်ခွင်ထဲ ကောက်ပွေ့ပစ်လိုက်တယ်။

" ဘေဘီ ဒဏ်ရာကြီးနဲ့ဟာကို Leo ငြိမ်ငြိမ်နေ လို့ ပါပါး မှာထားတယ် လေ "

" ရ တယ် ကို ကို လေး က လေး ကို မ ဆူ နဲ့ "

ရင်ခွင်ထဲက Leo လေးကို ငုံ့ကြည့်တော့ သူ့ကို ပြန်ကြည့်နေတာမို့ ဘုန်းဘေဘီ ပြုံးပြလိုက်သည်။

" နာနာက နာနေတေးယာယား လုံးဘေယီ "

" မနာတော့ဘူး သက်သာသွားပြီ Leo လေးကြောင့် "

My Impressive HusbandWhere stories live. Discover now