|| 19 ||

128K 10.3K 3K
                                    

Unicode

စိတ်မချလို့ ကြီးမြတ်ပိုင်ချီ တမင်ပင် ပြန်
လှည့်လာခဲ့တာ ။ မယ်မယ် က အော်ခေါ်နေပေမယ့်လည်း သူမကြားချင်ယောင်ဆောင်ကာသာ ကားပေါ်မှပြေးဆင်းလာလိုက်တယ်။

" ဘာလို့ လိုက်မသွားတာလဲ မြတ်ကြီးနဲ့ "

ရင်ခွင်ထဲက ကိုယ်လေးက ချမ်းလွန်းလို့ ထင်ပါရဲ့ တစ်သိမ့်သိမ့် တုန်နေလေသည်။

" ဟင့်အင်း ချမ်းတယ် ချီ "

" အင်း ခဏ "

ချီ အပေါ်ကနေထပ်ဝတ်ထားတဲ့ လည်သာ ဂျာကင်ကို ချွတ်ပြီး ယဥ်ယဥ့်ကို ဝတ်ပေးလိုက်သည်။

" ဖျားတော့မှာပဲ ခင်ဗျားရာ လာ ပြန်ကြမယ် "

" ဟင့်အင်း "

" ယဥ်နှောင်းလက်ပံ  "

ကြီးမြတ်ပိုင်ချီ ခါးကိုသာ အတင်းဖက်ထားတဲ့ ယဥ်ယဥ့် ကြောင့် ခပ်တင်းတင်းသာ ပြန်ဖက်ထားပေးလိုက်သည်။

" လာ ဟိုမှာ မြတ်ကြီးစောင့်နေတယ် "

" အင်း သူက ပြန်သွားပြီ မဟုတ်ဘူးလား ချီ "

" ခင်ဗျားမပါဘဲနဲ့ ပြန်ရဲပြန်ကြည့်လေ ကျုပ်က သူ့ကို ခင်ဗျားနောက်လိုက်ခိုင်းထားတာ "

" ချမ်းတယ် "

" သိတယ် နှုတ်ခမ်းတွေတောင် ပြာနေပြီ အိမ်ပြန်မယ်  "

" လမ်းမလျှောက်ချင်ဘူး မောင် ချီ "

" အင်း လာခဲ့ "

ချီ ကလေးလေးတွေကို ချီသလို ခါးကနေ စွေ့ခနဲ ပွေ့ချီလိုက်တော့ ယဥ်ယဥ့် ခြေထောက်နှစ်ဖက်က ချီ့ခါးကို လာချိတ်သည်။

" သွားမယ် မအိပ်နဲ့နော် ဖျားမယ် အိမ်ရောက်မှ အိပ်နော် ယဥ်ယဥ် ။ မောင်ပြောတာ ကြားလား "

ပထမဦးဆုံးပဲ ကြီးမြတ်ပိုင်ချီ သူ့ကို ဆက်ဆံတဲ့အချိန်မဟုတ်ဘဲ သာမန်အချိန်မှာ မောင်လို့သူ့ကိုယ်သူ ပြောတာ ။

ချီ့ ပုခုံးပေါ် ခေါင်းချကာ ယဥ်နှောင်းလက်ပံ မျက်လုံးတွေ မှိတ်ထားမိသည်။

" ဟေ့ကောင် ချီ ရလား "

" ရတယ် Aircon ပိတ်ပေး မြတ်ကြီး Heater ပါတစ်ခါတည်းဖွင့်ပေး "

My Impressive HusbandWhere stories live. Discover now