|| 33 ||

126K 9.9K 1.9K
                                    

Unicode

ကြီးမြတ်ပိုင်ချီ ယဥ်​နှောင်းလက်ပံကို မွေ့ယာပေါ်ချပေးကာသူကတော့ ဝတ်​ပေးဖို့ အတွက်  အဝတ်အစားရှာနေလိုက်သည်။

အများအားဖြင့် ယဥ်ယဥ့်ဆီမှာ လက်ရှည်အင်္ကျီတွေနဲ့ ချည်သားဘောင်းဘီ ခြေဖျားဖုံးတွေသာ ရှိသောကြောင့် ချီလည်း သင့်တော်တဲ့တစ်စုံသာရွေးထုတ်ပြီးဗီရိုပြန်ပိတ်လိုက်တယ်။

" ရပြီ မောင်လဲပေးမယ်နော် ယဥ်ယဥ်  "

အနားတိုးလာကာ အင်္ကျီ ကြယ်သီးတွေကိုတစ်လုံးချင်းဆီဖြုတ်ပေးနေသော ချီ့ကြောင့် ယဥ်နှောင်းလက်ပံ ငြိမ်ငြိမ်လေးသာထိုင်နေလိုက်သည်။

" လက်မြှောက်ပါဦး  မောင် အင်္ကျီဝတ်ပေးဖို့ "

ချောကလက်ရောင် အနွေးထည် ကို သေချာဝတ်ပေးပြီးမှ ချည်သားဘောင်းဘီ အဖြူလေးကို ခြေထောက်မပြီး ဝတ်ပေးလိုက်သည်။

" နေဦး အေးတယ် မောင် ဦးထုပ်ဆောင်းပေးမယ် "

ခန္ဓာကိုယ် တစ်ခုလုံး ကို ချီ လုံလုံခြုံခြုံဝတ်ပေးပြီးကာမှ အောက်ကိုပြန်ပွေ့လာလိုက်သည်။

" မောင် ဆိုင်ကယ် သွားထုတ်လိုက်ဦးမယ် "

" ဆိုင်ကယ် ဘယ်တုန်းက ဝယ်ထားတာလဲ "

" သားအတွက် ဝယ်ထားတာ "

" ဘယ်လောက်ကုန်သွားလဲ ငါပြန်ပေးမယ် လေ ချီ "

" $ 3.6 million ထဲပါ ယဥ်ယဥ်ရ မောင့်သားကို မောင်ဝယ်ပေးတာပါ ပြန်ပေးစရာမလိုပါဘူး "

$3.6million ကို နည်းတယ်များထင်နေလားမသိ ချီကတော့ သားကို အလိုတွေလိုက်နေပြန်ပြီ။

" နောက်တစ်ခါ မင်းရှာသမျှ ပိုက်ဆံ ငါ့အကုန် အပ်ရမယ် "

တစ်ချက်လွှတ် အမိန့်ကို အရှင်သခင်ကချလာတော့လည်း ကြီးမြတ်ပိုင်ချီ ကလိုက်နာရုံပေါ့။

" ဟုတ်ကဲ့ပါ ခင်ဗျာ မောင် အကုန်ပြန်အပ်ပါ့မယ် "

ကြီးမြတ်ပိုင်ချီ ဆိုင်ကယ်ပေါ် ယဥ့်ကို အရင်ပွေ့တင်ပြီးမှ သူတက်ထိုင်လိုက်သည်။

" ခါးကို သေချာဖက်ထား နော် "

" အင်း "

သေချာဖက်ထားလို့ ချီကပြောသော်လည်း မထိတထိလာဖက်သော ယဥ့်ကြောင့် လက်နှစ်ဖက်ကို ကို ဆွဲယူကာ သူ့ခါး၌ချိတ်ထားစေလိုက်တယ်။

My Impressive HusbandWhere stories live. Discover now