|| 28 ||

144K 10.7K 3.3K
                                    

Unicode

မျက်နှာကို နေထိုးလာတာမို့ ယဥ်နှောင်းလက်ပံမျက်လုံးဖွင့်ကြည့်လိုက်တယ်။

" အာ နေတောင် ထွက်နေပြီလား "

ပြန်အိပ်ဖို့ပြင်လိုက်ပေမယ့် နံရံထက်မှာမြင်လိုက်ရတဲ့ နာရီက ကိုးနာရီခွဲဆိုတာကိုညွှန်ပြနေတာမို့ အမြန်ထထိုင်လိုက်သည်။

" အာ့ နာလိုက်တာ "

ကြီးမြတ်ပိုင်ချီ မရှိတာ တော်သေးတယ် မဟုတ်ရင် သူအခုဖြစ်နေတဲ့ပုံကိုကြည့်ပြီး ရယ်နေမှာ။

မွေ့ယာပေါ်မှာပဲ Pajamas ခရမ်းနုရောင်လေးတစ်စုံတင်ပေးထားတာမို့ ယဥ်ယဥ် လဲလိုက်ပြီး ယိုင်တိုင်တိုင်နဲ့သာ အပြင်ထွက်လာလိုက်သည်။

" နိုးပြီလား ကိုယ်စားလှယ် "

Shirt အဖြူလက်ရှည်နဲ့ Cropped Pantsအညိုရောင်ကိုဝတ်ထားကာ အညိုရောင် ဆံပင်တွေက လှန်တင်ထားတာမဟုတ်ဘဲ ဖွာကြနေတာမို့ ကြီးမြတ်ပိုင်ချီက ကြည့်ကောင်းနေတယ်။

" အာ နိုးပြီ "

လမ်းလျှောက်တာက ကွတကွတဖြစ်နေတာမို့ ယဥ်နှောင်းလက်ပံဘေးကထိုင်ခုံပုလေးမှာခပ်ဖြေးဖြေးထိုင်ချလိုက်ရသည်။

" ဘာဖြစ်တာလဲ ကိုယ်စားလှယ် နေမကောင်းဘူးလား "

" အာ ကောင်းပါတယ် ဘာမှမဖြစ်ဘူး "

သူ့ကိုမကြည့်ဘဲ ဟိုကြည့်ဒီကြည့်လုပ်ကာမေးခွန်းတွေကိုဖြေနေတာမို့ ကြီးမြတ်ပိုင်ချီ ရှေ့က သူ့ကောင်လေး ကိုအသည်းတွေယားလာဟန်ရှိသည်။

" ဒါနဲ့ ညက ကျုပ်မူးနေတာ အဲ့ဒါ ခင်ဗျားအခန်းထဲထိလိုက်ပို့ပေးတာမလား "

" ဟုတ်တယ် ဟုတ်တယ် မင်းအရမ်းမူးနေတာလေ အမြင်မတော်လို့ ငါလိုက်ပို့ပေးတာ"

ပြောသားပဲ ဒီစောက်အမူးပါးက မနက်ကျရင်ဘာမှမှတ်မိမှာ မဟုတ်ဘူး လို့။

ယဥ်နှောင်းလက်ပံ ဆောင့်ဆောင့် အောင့်အောင့်ဖြင့်သာ ဖိနပ်ထိပ်နဲ့မြေကြီးကိုခြစ်နေလိုက်တယ်။

" အမြင်မတော်လို့ လိုက်ပို့ရင်းနဲ့ ခင်ဗျားပါဝင်အိပ်လိုက်တာပေါ့နော် ဟုတ်လား ကိုယ်စားလှယ် "

My Impressive HusbandWhere stories live. Discover now