|| 27 ||

148K 10.5K 3.5K
                                    

Unicode

" လွှတ်စမ်း "

ဖြောင်း

" ကိုယ်စားလှယ် "

" ထပ်ရိုက်မှာနော် ကြီးမြတ်ပိုင်ချီ "

" ယဥ်နှောင်းလက်ပံ "

ဖြောင်း

သောက်ထားတဲ့ Alcohol တွေတောင် အရှိန်ပြယ်ချင်နေပြီဖြစ်သောကြောင့် ချီ ဒေါသတွေပိုထွက်လာသည်။

" ကျစ် လာ လာ ခင်ဗျား လာခဲ့ "

" ကြီးမြတ်ပိုင်ချီ "

အမူးသမားက လူကို ဇက်ခနဲဆွဲပွေ့ကာ ခြံအနောက်ဘက်ထဲလျှောက်သွား၍
ယဥ်နှောင်းလက်ပံ သူ့အင်္ကျီစကိုသာသေချာကိုင်ထားရတယ်။

အခက်မသင့်ရင် နှစ်ယောက်လုံး ပြုတ်ကျ
မယ့်ကိန်း။

" ငြိမ်ငြိမ်နေ ပြုတ်ကျရင်တောင် ခင်ဗျားဒဏ်ရာမရစေရဘူး ကျုပ်ပဲ အသားနာခံမယ် "

" လွှတ်စမ်း ဘယ်ခေါ်သွားနေတာလဲ "

" တိုးတိုးနေ အိပ်ကုန်ကြပြီ ကိုယ်စားလှယ် "

ဘုန်း

" အာ့ နာသွားပြီနော် ကြီးမြတ်ပိုင်ချီ "

ကုတင်ပေါ့ကို ဆွေ့ခနဲပစ်တင်လိုက်သောကြောင့်ယဥ်နှောင်းလက်ပံကျောအောင့်သွားရသည်။

" အရမ်းနာတာလား မွေ့ယာက နူးညံ့ပါတယ် ကျစ် ကျုပ်ကိုအဲ့လိုလာမကြည့်နဲ့ "

ယဥ်ယဥ်က မွေ့ယာပေါ်မှာထိုင်လျက်သားဖြစ်နေပြီး ကြီးမြတ်ပိုင်ချီက ကုတင်ဘေးမှာမတ်တပ်ရပ်နေသည့်အနေအထားဖြစ်ပြီးစိတ်ရှုပ်တယ်ထင်ပါရဲ့ဆံပင်တွေကိုလက်တစ်ဖက်နဲ့သပ်တင်နေတယ်။

" ငါက ကလေးအဖေနော် အိမ်ထောင်ရှိအမျိုးသားတစ်ယောက်နဲ့ လာမကျူးလွန်ချင်နဲ့ ကြီးမြတ်ပိုင်ချီ "

" ခင်ဗျား Biography ထဲက Married or Single နေရာမှာ Single Father လို့ရေးထားတယ်လေ ကျုပ်ခုနလေးတင် ခင်ဗျားတို့ သားအဖကြောင်း Check နေတာ ယဥ်နှောင်းလက်ပံ "

My Impressive HusbandWhere stories live. Discover now