|| 6 ||

143K 10.7K 1.3K
                                    

Unicode

" အသံ ထွက်မလာနဲ့ ယဉ်နှောင်းလက်ပံ "

ပါးစပ်ကို သူ့လက်ဖဝါးကြီး နဲ့ အတင်းပိတ်ထားပြီးတော့ အသံမထွက်နဲ့ လာပြောနေတယ် ဒီ အယုတ်တမာကောင် ကတော့ ။

ကားပေါ်က ဆင်းထဲက သူ့ကို အရုပ်လေးတစ်ရုပ်ပွေ့သလို ဇက်ခနဲ ဆွဲပွေ့ သွားတာများ ကြီးမြတ်ပိုင်ချီ က လက်ရဲဇက်ရဲ နိုင်လွန်းလှသည် ။

" ကျုပ်အခန်းထဲကို သွားမယ် ခင်ဗျား အသံထွက်တာနဲ့ ကျုပ်အခန်းရှေ့ မှာ ကြီးကြီး အခန်း ရှိတယ် ကြီးကြီး အခန်းဘေးမှာ ခင်ဗျားမမကြီး အခန်း ရှိတယ် ။

လူကိုပြောချင်တာက အသံထွက်တာနဲ့ ယဉ်ယဉ် ပြဿနာတက်သွားမယ်
လို့ ပြောချင်တာဖြစ်သည် ။

" အာ့ မင်းအသား မဟုတ်တိုင်း လူကို ဖြည်းဖြည်း သာသာလုပ်လို့ မရဘူးလား "

ကုတင်ပေါ်ကို ပစ်ချလိုက်သဖြင့် ယဉ်ယဉ် ကျောအောင့်သွားရသည် ။ ကြီးမြတ်ပိုင်ချီ နဲ့ ယဉ်ယဉ် တစ်ရက်ပဲ တွေ့ရတာတောင် ယဉ်ယဉ် ခင်မျာ့ အနာတရတွေ ဖြစ်တာ ။ သုံးလလုံးကို ဘယ်လိုအင်အားမျိုးနဲ့ ယဉ်ယဉ် သည်းခံပြီး နေပေးရမလဲ ။

မျက်နှာတင်မကပဲ မျက်ခမ်းစပ်တွေပါ ရဲသည်အထိ ငိုလာသော ယဉ်ယဉ် က ချီ့ကို လူယုတ်မာတစ်ယောက်လို ကြည့်လာသည်။

" ကျုပ်ကို အဲ့လိုလာမကြည့်နဲ့ ယဉ်ယဉ် "

ချီ ပြောတော့လည်း ခုနကထက်ပိုပြီး စူးရှတဲ့ အကြည့်တွေနဲ့ ကြည့်လာ ပြန်သည် ။

" ဘာဖြစ်လဲ မင်းက ဘာလဲ ကြီးမြတ်ပိုင်ချီ ငါနဲ့မအိပ်ရလို့ ဖြစ်ပျက်နေတာလား လာအိပ်မယ် လာလေ မင်းငါနဲ့ အိပ်ချင် နေတာမလား လာလေ လာအိပ် လေ အယုတ်တမာကောင်ရဲ့ "

ယဉ်ယဉ် ဝတ်ထားတဲ့ ရှပ်အင်္ကျီ အကွက်လေးကို ကြယ်သီးတွေ ဖြုတ် ပြစ်ပြီး ပက်လက်လှန်ပေးထားလိုက်တယ် ။

လုပ်ချင်တာ သာလုပ်သွားတော့ သူတစ်ကယ်ပင်ပန်းနေပြီ ။

" လာလေ ကြီးမြတ်ပိုင်ချီ မင်းငါနဲ့ အိပ်ချင်နေတာမလား အေး ဒီညပြီး ရင်တော့ ငါ့ကို လွှတ်ထားပေးပါတော့ အရိုင်းစိုင်း အယုတ်တမာ အောက်တန်းစား ကောင်ရဲ့ အဟွတ် အဟွတ် "

My Impressive HusbandWhere stories live. Discover now