|| 20 ||

144K 10.4K 3.8K
                                    

Unicode

" ဘယ်လိုလဲ ကြီးမြတ်ပိုင်ချီ မင်းသူ့ဆီသွားရဲသေးလား "

ချီ မယ်မယ့်ကိုကြည့်လိုက်တော့ မယ်မယ်ကတစ်ကယ်ကိုအပြစ်မလုပ်ထားသလိုမျိုးသူတစ်ယောက်လိုပင်။

" ကြီးမြတ်ပိုင်ချီ မယ်မယ့်စကားနားထောင်နော် ။ စံပယ်မြတ်ဟန် ကို မကြိုက်ဘူးမလား ရတယ် မယ်မယ် အတင်းအကျပ် မလုပ်တော့ဘူး ဒါပေမဲ့ ယဥ်နှောင်းလက်ပံ တော့ မဖြစ်ဘူး "

" မယ်မယ့် ကိုယ်  မယ်မယ် မှန်တယ် ထင်နေတာ လား "

" သားချီ "

" မယ်မယ်အစထဲက ဒယ်ဒီ့ကိုလက်မလွှတ်နိုင်ရင်လည်း မိဘတွေပေးစားတဲ့သူကိုဘာလို့ယူသေးလဲ ။ သူ့ဟာသူ တည်ငြိမ်နေတဲ့
ဒယ်ဒီ့ဘဝကိုဖျက်ဆီးပစ်တာ မယ်မယ်ပဲ ။ ဘာအပြစ်မှမရှိတဲ့ ယဥ်ယဥ့်အမေကိုသတ်ပစ်တာလည်း မယ်မယ်ပဲ အခုလည်း
ယဥ်ယဥ့်ဘဝကိုဖျက်ဆီးဖို့ မယ်မယ် ကြိုးစားနေပြန်ပြီ "

ကြီးမြတ်ပိုင်ချီ မယ်မယ့်ရှေ့မှ မြန်မြန်သာထွက်လာချင်နေပြီ။

" ချစ်လို့လေ မယ်မယ် မင်းဒယ်ဒီကို ချစ်လို့ လေ သားချီ ။ မယ်မယ် တို့ချစ်လာခဲ့တာ နှစ်တွေအကြာကြီးပဲ မယ်မယ်လက်ထပ်သွားတာနဲ့မင်းဒယ်ဒီကမြခက်နွယ်ဆိုတဲ့မိန်းမနဲ့ ပျော်နေကြတာ "

" ခင်ဗျား မပြတ်သားလို့လေ  မယ်မယ် ဘယ်သူ့အပြစ်မှ မဟုတ်ဘူး "

" မယ်မယ် ဂရုမစိုက်ဘူး သားချီ မင်း သူ့ကို ချစ်လို့မရဘူး "

" မယ်မယ်က အတ္တတွေ ကြီးလိုက်တာ "

" သားချီ မယ်မယ့်ကို ချစ်ရင် ယဥ်နှောင်းလက်ပံကို စွန့်လွှတ်လိုက်ပါနော် ။ သူကသာမန်အညတရ ကောင်လေးသာသာပါကွယ် "

" သာမန်အညတရကောင်လေးကိုပဲ  မယ်မယ်ကလွှတ်ထားပေးလို့မရဘူးလား ကျုပ်တောင်းဆိုတာပါ "

ချီ့စကားကြောင့် မယ်မယ်က ရှေ့တိုးလာပြီး သူ့ကိုနားမလည်သလိုအကြည့်မျိုးနှင့်ကြည့်လာသည်။

သားအမိနှစ်ယောက် လုံး မျက်ရည်တွေကျနေကြသော်လည်း ဒီအတိုင်း ရပ်နေဆဲ။

" အခု ဘာမဟုတ်တဲ့ကောင်တစ်ယောက်အတွက် မျက်ရည်ကျနေတာလား ကြီးမြတ်ပိုင်ချီ "

My Impressive HusbandWhere stories live. Discover now