|| 13 ||

148K 10.4K 2K
                                    

Unicode

" ချီ "

တစ်ကယ့်ကိုမှ တိုးတိုးလေးနဲ့ အသံလေးက သာသာယာယာလေး ။ ကြီးကြီးမြိုင် ခေါ်သလို သားချီဆိုတဲ့အသံမျိုးလည်း မဟုတ် မြတ်ကြီးတို့ခေါ်သလိုမျိုး ချီကြီးဆိုတဲ့ အသံမျိုးလည်း မဟုတ် ။

ယဥ်နှောင်းလက်ပံ  ချီလို့ခေါ်လိုက်တိုင်း ကြီးမြတ်ပိုင်ချီ ရင်ဘတ်ထဲမှာ တစ်မျိူးဖြစ်သွားသည်ကိုတော့ ဝန်ခံရမည် ။

" ချီ "

" ပြောလေ  "

" မင်းလက်က ဒဏ်ရာ သွေးထွက်နေတယ် ချီ "

" ခင်ဗျားကြောင့်လေ  "

အခုမှ မျက်နှာငယ်နဲ့လာလုပ်နေသူအား ချီ ဒေါသထွက်လာတယ် ။

ညနေတုန်းကတော့ ခေါင်းကို Tissue Box နဲ့ ခေါက်သွားပြီးတော့ ဟိုသွေးစက်ဆိုတဲ့အကောင်ကို ထိတော့လည်း ကိုကြီးကိုမထိနဲ့ဆိုတဲ့စကားကပြောသေးတယ် ။

" မင်းဟာမင်း ငါ့ကို ဝင်ဆွဲတာ လေ ချီ "

" မဆွဲရင် ခင်ဗျားဒဏ်ရာရမှာလေ ။ ကျုပ်ကို စော်ကားတဲ့ စကားလာမပြောနဲ့ ယဥ်နှောင်းလက်ပံ အသက်ရှူရပ်တဲ့ထိ နမ်းပစ်လိုက်မယ်  "

" အရိုင်းစိုင်း "

" ခင်ဗျား ယောကျ်ား  က အရိုင်းစိုင်းမှန်း အခုမှသိတာလား "

"  ယောကျ်ား ယောကျ်ား နဲ့တအားပါးစပ်အရသာခံတာနော်  ကြီးမြတ်ပိုင်ချီ "

မျက်စိရှေ့က အရိုင်းစိုင်းကောင်ကို သေချာကြည့်တော့ မျက်လုံးထဲပြေးမြင်မိတာက နိုင်ငံတကာက ဗလတောင့်
တောင့် ရင်အုပ်ကျယ်ကျယ်နဲ့ မင်းသားတွေဖြစ်သည် ။

ခန့်မှန်းခြေအရ ကြီးမြတ်ပိုင်ချီ အရပ်က ခြောက်ပေ​ကျော်လောက်မယ်။

ဆံပင်ကလည်း အညိုရောင် ကောက်ကောက်လေးဖြစ်ပြီး ညို့တတ်သော မျက်ဝန်းညိုတွေ ကိုပိုင်ဆိုင် ထားသည်။

ကြီးမြတ်ပိုင်ချီ ဟု မေးခွန်းမေးလာလျှင် ညို့တတ်သော မျက်ဝန်းညိုတွေကို ပိုင်ဆိုင်ထားသူဟုဖြေရလိမ့်မည် ။

ချီဝတ်ထားတဲ့ အဖြူရောင် sport-shirt က နည်းနည်း​ကြပ်နေသောကြောင့် ကြွက်သားများကို အမြှောင်းလိုက်ပင် မြင်နေရသည်။

My Impressive HusbandWhere stories live. Discover now