|| 11 ||

147K 10.4K 2.4K
                                    

Unicode

" ယဉ်နှောင်းလက်ပံ "

ကားသော့ဆွဲကာ ချီ ပြေးထွက်သွားသူနောက် သို့ အမှီလိုက်မိသည် ။

" ဟေ့ကောင် ကားကို ဖြည်းဖြည်းမောင်း ချီ "

ကြီးမြတ်ပိုင်ချီ အကြောင်းကို သိသူဖြစ်၍ မြတ်ကြီး သတိလှမ်းပေးလိုက်ရသေးတယ် ။

ချီ ထွက်သွားလို့ ဝေးဝေးရောက်ကာမှ မိုးမြတ်နေရောင် စက်ကြီးကို မျက်စပစ်ပြလိုက်သည် ။

" ကြီးမြတ်ပိုင်ချီ ပြောင်းလဲနေတယ်လို့မထင်ဘူးလား စက်ကြီး "

" နည်းနည်းထင်နေတယ် အခုပဲ ကြည့်လေ အရင်ကဆို အဲ့လိုမှ မဟုတ်တာ ချီက "

" ယဉ်ယဉ့်ကြောင့်လေ ငါ့အထင် ချစ်မိနေပြီထင်တယ် ကြီးမြတ်ပိုင်ချီတော့ "

သူ့စကားကို စက်ကြီးက မယုံနိုင်သလို မျက်နှာမျိုး လုပ်ပြသည် ။

" ငါတော့မယုံဘူး ကြီးမြတ်ပိုင်ချီလား ဒီလောက်ပွေတာ ဒါပေမဲ့ အခုတလော ငြိမ်နေတာတော့ ထူးဆန်းတယ် "

" ပွေတာတော့ ဟုတ်ပါတယ် ချီက ထားကွာ ဆက်သောက်ကြမယ် "

နှစ်ယောက်သား ဟိုပြောဒီပြောဖြင့်သာ အမြည်းလေးစားလိုက် အရည်လေးသောက်လိုက်နှင့်သာယာနေတော့သည် ။

နားထဲမှာ ချီပြောတဲ့စကားတွေကိုပဲ ပြန်ပြန်ကြားနေ၍ ယဉ်နှောင်းလက်ပံ နားကိုလက်နှစ်ဖက်နှင့်အုပ်ထားမိသည် ။

ကြီးမြတ်ပိုင်ချီ က သူတစ်ယောက်ထဲ အတွက် မကောင်းဆိုးဝါး ။

" ယဉ်နှောင်းလက်ပံ !!!! "

လဲကျတော့မည့်ခန္ဓာကိုယ်လေးကို ချီရင်ခွင်ထဲအမြန်ထည့်ထားလိုက်တော့နှစ်ယောက်သား ပလက်ဖောင်းပေါ်သို့ လိမ့်ကျသွားကာ အနားမှာ လူတွေဝိုင်းအုံလာကျသည် ။

" ဘာဖြစ်သွားသေးလဲ "

သူ့ကို ဒဏ်ရာရသွားလား ဟိုစမ်းဒီစမ်း စမ်းနေသည့် ချီ့ကို ယဥ်နှောင်းလက်ပံ တွန်းထုတ်ကာ မတ်တပ်ထရပ်လိုက်သည် ။

" ယဥ်နှောင်းလက်ပံ ဘယ်ထိသွားသေးလဲလို့ မေးနေတယ်လေ "

လက်ကိုလာဆွဲသူ ချီ့ကြောင့် သူ စကားပင်မပြောချင်တော့ လှည့်ထွက်လာလိုက်သည် ။

My Impressive HusbandWhere stories live. Discover now